ထွက်မြောက်ရာကျမ်း 34:29
မောရှေ သည် သက်သေခံ ချက် ကျောက် ပြားနှစ် ပြားကို ကိုင် လျက်၊ သိနာ တောင် ပေါ်မှ ဆင်းသက် သောအခါ ၊ မိမိ နှင့် ဘုရား သခင်နှုတ်ဆက် တော်မူသောကြောင့် ၊ မိမိ မျက်နှာ အရေ ထွန်းပ ကြောင်း ကို မိမိမ သိ။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ထွက်မြောက်ရာကျမ်း 34
Cross References
Exodus 16:15ထို အရာကို ဣသရေလ အမျိုးသား တို့သည် မြင် သောအခါ ၊ အဘယ် အရာနည်းဟု မ သိ သောကြောင့် ၊ တ ယောက်ကို တယောက်မေး ကြ၏။ မောရှေ ကလည်း ၊ ဤ အရာသည်သင် တို့စားစရာ ဘို့ ထာဝရဘုရား ပေး သနားတော်မူသော မုန့် ဖြစ်၏။
Exodus 34:35သူ ၏မျက်နှာ အရေ ထွန်းပ ကြောင်း ကို ဣသရေလ အမျိုးသား တို့သည် မြင် ကြလျှင် ၊ တဖန် အထဲသို့ ဝင်၍ မ လျှောက် မှီတိုင်အောင်မိမိ မျက်နှာ ကို ဖုံးအုပ် ပြန်၏။
Joshua 8:14ထိုအခြင်းအရာတို့ကို အာဣ မင်းကြီး သည် မြင် လျှင် ၊ မြို့ သား ယောက်ျားတို့သည် စောစော ထ၍ အလျင်အမြန် ပြင်ဆင်ပြီးမှ ၊ မင်းကြီး သည် လူ အပေါင်း တို့နှင့်တကွ ဣသရေလ အမျိုးသားတို့ကို တိုက် ခြင်းငှါ ၊ ချိန်းချက် သော အချိန်၌ လွင်ပြင် သို့ ချီ သွားလေ၏။ သို့ရာတွင် မြို့ နောက် မှာ ကင်း တပ်ရှိမှန်းကို မ သိ။
Matthew 17:2သူ တို့ရှေ့ ၌ ထူးခြား သောအဆင်းအရောင်နှင့် ပြည့်စုံသည်ဖြစ်၍ ၊ မျက်နှာ တော်သည် နေ ကဲ့သို့ ထွန်းတောက် လျက် ၊ အဝတ် တော်သည် အလင်း ကဲ့သို့ ဖြူ လျက် ရှိ ၏။
Mark 14:40ထိုနောက် တပည့်တော်တို့ရှိရာသို့ပြန် ၍၊ သူ တို့သည်မျက်စိ လေးလံ သဖြင့် တစ်ဖန် အိပ်ပျော် လျက်နေကြ သည်ကို တွေ့ တော်မူ၏။ သူတို့သည် အဘယ်သို့ လျှောက် ရမည်ကို မ သိ ကြ။
Luke 9:29ဆုတောင်း တော်မူစဉ် တွင်မျက်နှာ တော်သည် ထူးခြား သောအဆင်း အရောင်ရှိ၍ ၊ အဝတ် တော်လည်း ပြောင်ပြောင် လက်လက်ဖြူ ၏။