ထွက်မြောက်ရာကျမ်း 34:28
ထို အရပ်မှာ မောရှေသည် အစာ ကို မ စား ၊ ရေ ကို မ သောက် ဘဲ ၊ အရက် လေးဆယ် ပတ်လုံးထာဝရဘုရား အထံတော်၌ နေ လေ၏။ ကျောက် ပြားပေါ် မှာ ပဋိညာဉ် စကား ၊ ပညတ် တော်ဆယ် ပါးကို ရေး ထားတော်မူ ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ထွက်မြောက်ရာကျမ်း 34
Cross References
Exodus 31:18ထိုသို့ ဘုရားသခင် သည် သိနာ တောင် ပေါ်မှာ မောရှေနှင့် နှုတ်ဆက်တော်မူသည်အဆုံး ၌၊ လက်ညှိုး တော်နှင့် အက္ခရာတင် သော သက်သေခံ ချက်၊ ကျောက် ပြား နှစ် ပြားကိုပေး တော်မူ၏။
Exodus 34:1တဖန် ထာဝရဘုရား က၊ အရင် ကျောက်ပြားနှစ်ပြားနှင့်တူ အောင် ကျောက် ပြားနှစ် ပြားကို ခုတ် လော့။ သင်ချိုးဖဲ့ သော အရင် ကျောက် ပြား၌ စကား ပါ သည်အတိုင်း နောက်ကျောက် ပြားပေါ် မှာ ငါရေး ထားမည်။
Deuteronomy 9:9ထာဝရဘုရား သည် သင် တို့နှင့် ဖွဲ့ သော ပဋိညာဉ် တရားကို ရေးထားသော ကျောက်ပြား တို့ကိုခံ ယူခြင်းငှာ ၊ တောင် ပေါ်သို့ ငါ တက် သောအခါ ၊ အရက် လေးဆယ် ပတ်လုံးမုန့် ကိုမ စား ၊ ရေ ကို မ သောက် ဘဲ တောင် ပေါ် မှာနေ လေ၏။
Deuteronomy 9:25ထာဝရဘုရား သည် သင် တို့ကို ဖျက်ဆီး မည်ဟု မိန့် တော်မူသောကြောင့် ၊ ငါသည် အရင်ပြပ်ဝပ် သကဲ့သို့၊ အရက် လေးဆယ် ပတ်လုံးပြပ်ဝပ် လျက်နေရ၏။
Deuteronomy 10:5ငါသည်လည်း လှည့် ၍ တောင် ပေါ်က ဆင်း သဖြင့် ၊ လုပ် ပြီးသော သေတ္တာ ထဲ ၌ ထိုကျောက်ပြား ကို ထား ၍ ၊ ထာဝရဘုရား မှာ ထားတော်မူသည်အတိုင်း ၊ ထို သေတ္တာထဲ ၌ ယခုရှိ ၏။