ထွက်မြောက်ရာကျမ်း 34:7
အထောင် အသောင်းများသောသူတို့အား သနားခြင်းကျေးဇူး တရားကို စောင့် တော်မူထသော၊ အဓမ္မ ကျင့်ခြင်း၊ တရားတော်ကို လွန်ကျူး ခြင်း၊ ပြစ်မှားခြင်းအပြစ် တို့ကို ဖြေလွှတ် သော်လည်း ၊ အချည်းနှီးသက်သက်ဖြေလွှတ် တော်မ မူထသော၊ သားစဉ်မြေးဆက်၊ တတိယအဆက်၊ စတုတ္ထအဆက်တိုင်အောင်၊ အဘ တို့၏ အပြစ် ကိုသား တို့၌ ဆပ်ပေး စီရင်တော်မူသောဘုရား သခင်ဟု ကြွေးကြော် တော်မူ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
8မောရှေ သည် အလျင်အမြန် ဦး ညွှတ်ချ၍ ကိုးကွယ် လျက် ၊
Read all of ထွက်မြောက်ရာကျမ်း 34
Cross References
Exodus 20:6ငါ့ ကို ချစ် ၍ ငါ့ ပညတ် တို့ကို ကျင့် သောသူတို့၏ အမျိုးအစဉ်အဆက် အထောင် အသောင်းတိုင်အောင် ၊ ကရုဏာ ကို ပြ သော ဘုရားဖြစ်၏။
Exodus 23:21ထိုတမန် ကို ရိုသေ စွာပြုလော့။ စကား တော်ကို နားထောင် လော့။ အာဏာတော်ကို မ ဆန် နှင့်။ သင် တို့ပြစ်မှားသောအပြစ် ကို သူသည် မ လွှတ်။ ငါ့ နာမ သည် သူ ၌ တည်ရှိ၏။
Deuteronomy 5:9ဦး မ ချ၊ ဝတ် မ ပြုနှင့်။ အကြောင်း မူကား၊ သင် ၏ဘုရား သခင်၊ ငါ ထာဝရဘုရား သည် သင်၌ အပြစ်ရှိသည်ဟု ယုံလွယ်သောဘုရား၊ ငါ့ ကိုမုန်း သောသူတို့ ၏ အမျိုးအစဉ်အဆက်၊ တတိယ အဆက်၊ စတုတ္ထ အဆက်တိုင်အောင် ၊ အဘ တို့၏ အပြစ် ကို သား တို့၌ ဆပ် ပေးစီရင်သောဘုရား၊
Joshua 24:19ယောရှု ကလည်း ၊ သင်တို့သည် ထာဝရဘုရား အား ဝတ် မ ပြုနိုင်။။ ထိုဘုရား သည် သန့်ရှင်း သောဘုရား၊ အပြစ်ရှိသည်ဟု ထင်လွယ်သောဘုရား ဖြစ်တော်မူ၏။ သင် တို့လွန်ကျူး ပြစ်မှားသော အပြစ် တို့ကို သည်းခံ တော်မ မူ။
Nehemiah 1:5အို ကောင်းကင် ဘုံ၏အရှင် ဘုရား သခင်ထာဝရဘုရား ၊ ကြီးမြတ် ၍ ကြောက်မက် ဘွယ်သော ဘုရား ၊ ပညတ် တော်တို့ကို နှစ်သက် ၍ ကျင့် စောင့်သောသူတို့ နှင့် ဖွဲ့သော ကရုဏာ ပဋိညာဉ် ကို မဖျက်၊ တည် စေ တော်မူသောဘုရား၊
Job 10:14အကျွန်ုပ် သည် ပြစ်မှား လျှင် ၊ ကိုယ်တော်မှတ် တော်မူ၏။ အကျွန်ုပ် အပြစ် ကို လွှတ် တော်မူမည် မ ဟုတ်။