ထွက်မြောက်ရာကျမ်း 36:2
တဖန် မောရှေ သည်၊ ဗေဇလေလ ၊ အဟောလျဘ ကို၎င်း ၊ ထာဝရဘုရား ပေး တော်မူသော ဉာဏ် သဘောကို ရ၍၊ အလုပ် လုပ် ချင်သော စေတနာစိတ် ရှိသော ပညာရှိ အပေါင်း တို့ကို ၎င်းခေါ် ပြီးလျှင်၊
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ထွက်မြောက်ရာကျမ်း 36
Cross References
Exodus 25:2ငါ့ အား လက်ဆောင် ပဏ္ဏာကိုဆောင် ခဲ့ရမည်အကြောင်း ဆင့်ဆို လော့။ ကြည်ညိုသောစေတနာစိတ် နှင့် ငါ့ အားလှူ သမျှ သော သူတို့၌ သင်သည် အလှူ ကိုခံရ မည်။
Exodus 28:3လုပ် ရသော အဝတ် ဟူမူကား၊ ရင်ဖုံး ၊ သင်တိုင်း ၊ ဝတ်လုံ ၊ ချယ်လှယ်သောအင်္ကျီ ၊ ဗေါင်း ၊ ခါးပန်း တည်း ဟူသောသင် ၏အစ်ကို အာရုန် နှင့် သူ ၏သား တို့သည်၊ ငါ့ ရှေ့ မှာ ယဇ်ပုရောဟိတ်အမှုကို ဆောင်ရွက် ရမည်အကြောင်း ၊ သန့်ရှင်း သောအဝတ် ကို လုပ် ခြင်းငှါ ၊
Exodus 35:2ခြောက် ရက် ပတ်လုံးအလုပ် လုပ် ရမည်။ သတ္တမ နေ့ ရက်သည် သင် တို့၌ သန့်ရှင်း သောနေ့၊ ထာဝရဘုရား အဘို့ ငြိမ်ဝပ် စွာ နေရသော ဥပုသ် နေ့ဖြစ် ၏။ ထိုနေ့ ၌ အလုပ် လုပ် သော သူ မည်သည်ကား အသေ ခံရမည်။
Exodus 35:21မိမိ စိတ်နှလုံး နှိုးဆော် သော သူ ၊ ကြည်ညိုသောစေတနာစိတ် သဘောရှိသော သူ အပေါင်း တို့သည် ပရိသတ်စည်းဝေး ရာ တဲ တော်လုပ် ဘို့ ၎င်း ၊ အမှု တော်ထမ်းစရာဘို့ ၎င်း၊ သန့်ရှင်း သောအဝတ် ကို၎င်း၊ ထာဝရဘုရား အား လှူသောအလှူ ကို ဆောင် လျက် လာကြ၏။
1 Chronicles 29:5ရွှေ သည် ရွှေ တန်ဆာအဘို့ ၊ ငွေ သည် ငွေ တန်ဆာအဘို့ နှင့် ဆရာသမား လုပ် သမျှ အဘို့ ဖြစ်၏။ သို့ဖြစ်၍ ယနေ့ ထာဝရဘုရား အား ကိုယ်ဥစ္စာကို အဘယ်သူ ပူဇော် ချင်သနည်းဟု ပရိသတ် အပေါင်း တို့အား မေး တော်မူလျှင်၊
Acts 14:23အသင်းတော် များ တို့၌ သင်းအုပ် တို့ကို ခန့်ထား ၍၊ အစာရှောင် လျက် ဆုတောင်း ပဌနာ ပြုပြီးလျှင်၊ သင်းဝင်သူတို့ယုံကြည် သော သခင် ဘုရား၏ လက်တော်သို့ ထိုအသင်းတော်တို့ကို အပ်နှံ ကြ၏။