The Bible Software
ထွက်မြောက်ရာကျမ်း · မြန်မာကျမ်းစာ

ထွက်မြောက်ရာကျမ်း 36

1ထိုသို့ ထာဝရဘုရား မှာ ထားတော်မူသည်အတိုင်း ၊ သန့်ရှင်း ရာဌာန၌ အမှု တော်ဆောင် စရာဘို့ ၊ အမျိုးမျိုး သောအလုပ်ကို လုပ်တတ်သော ဉာဏ် ပညာကို ထာဝရဘုရား ပေး သွင်းတော်မူသောပညာရှိ အပေါင်း တို့နှင့်တကွ ၊ ဗေဇလေလ ၊ အဟောလျဘ တို့သည် အလုပ်လုပ် ကြလိမ့်မည်ဟု ဣသရေလအမျိုးသားတို့အား ဆင့်ဆိုလေ၏။

2တဖန် မောရှေ သည်၊ ဗေဇလေလ ၊ အဟောလျဘ ကို၎င်း ၊ ထာဝရဘုရား ပေး တော်မူသော ဉာဏ် သဘောကို ရ၍၊ အလုပ် လုပ် ချင်သော စေတနာစိတ် ရှိသော ပညာရှိ အပေါင်း တို့ကို ၎င်းခေါ် ပြီးလျှင်၊

3သန့်ရှင်း ရာဌာနနှင့် အမှုတော်ထမ်းရန် တန်ဆာတို့ကို လုပ်ကိုင် စေခြင်းငှာ ၊ ဣသရေလ အမျိုးသား တို့ ဆောင် ခဲ့သော အလှူ ရှိသမျှ ကို ထိုသူတို့သည် မောရှေ လက်မှ ခံ ကြ၏။ ကြည်ညိုသောစိတ်နှင့် လှူသောအလှူ ကို နံနက် တိုင်း ထပ်၍ဆောင် ခဲ့ကြသေး၏။

4ထိုအခါ သန့်ရှင်း ရာဌာနတော်အလုပ် ကို လုပ်ကိုင် သော ပညာရှိ အပေါင်း တို့သည်၊ အသီးအသီး မိမိ လုပ် ရာမှ ၊

5မောရှေ ထံသို့ လာ၍ ထာဝရဘုရား မှာ ထားတော်မူသော အလုပ် ပြီးလောက်ရုံမျှမက ၊ ပို ၍ ဆောင် ခဲ့ကြ ပါပြီဟု ကြား ပြောလျှင်၊

6မောရှေ က၊ သန့်ရှင်း ရာဌာနတော်အဘို့ လှူ ခြင်းငှာ အဘယ်ယောက်ျား မိန်းမ မျှ ထပ်မံ ၍ မ လုပ် စေနှင့် ဟု စီရင်၍၊ တတပ် လုံး၌ ကြော်ငြာ စေသဖြင့် ၊ လူ များအလှူဆောင် ခြင်းအမှုကို ဆီးတား ၏။

7ရခဲ့သောဥစ္စာ သည် လုပ် ရှိသမျှ ကို ပြီးစီးလောက် ရုံမျှမက ပို လျက်ရှိ သတည်း။

8သန့်ရှင်း ရာဌာနတော်အလုပ် ကို လုပ်ကိုင် သောသူတို့ တွင် ၊ ပညာရှိ သောသူသည် ပိတ်ချော၊ ပြာ သော အထည်၊ မောင်း သောအထည်၊ နီ သောအထည်ဖြင့် ပြီး သော ခေရုဗိမ် အရုပ်နှင့် ချယ်လှယ် သော ပိတ်ချော ကုလားကာ ဆယ် ထည်ကို လုပ် လေ၏။

9ကုလားကာ သည် အလျား နှစ်ဆယ် ရှစ် တောင် ၊ အနံ လေး တောင် ရှိ၍၊ ကုလားကာ ချင်း အလျား အနံတူ ၏။

10ကုလားကာ ငါး ထည်စီ တစပ်တည်းချုပ် လေ၏။

11ကုလားကာတထည် ပြင် ဘက်ကုလားကာ နား ချင်းဆက်မှီရာ၌ ကွင်း များကို ပြာ သောအထည်နှင့် လုပ် ၍၊ အခြား သော ကုလားကာပြင် ဘက် ကုလားကာ နား ချင်းဆက်မှီရာ၌ လည်း ထိုအတူ လုပ် လေ၏။

12ကုလားကာ တထည်၌ ကွင်း ငါးဆယ် ကို၎င်း၊ အခြားသော ကုလားကာ အနား ဆက်မှီရာ၌ ကွင်း ငါးဆယ် ကို၎င်း လုပ် သဖြင့်၊ ကွင်း ချင်း ဆိုင် မိကြ၏။

13ရွှေ ချောင်း ငါးဆယ် ကိုလည်း လုပ် ၍ ၊ ထိုရွှေချောင်း ဖြင့် ကုလားကာ များကို ပူးတွဲ သဖြင့် တဲ တော် တ ဆောင်တည်းဖြစ် လေ၏။

14တဲ တော်ဖုံးအုပ် ဘို့ အခြားသော ကုလားကာ ဆယ် တ ထည်ကို ဆိတ် မွေးနှင့် လုပ် လေ၏။

15ကုလားကာ သည် အလျား အတောင် သုံးဆယ် ၊ အနံ လေး တောင် ရှိ၍ ကုလားကာ ဆယ် တထည် တို့သည် အလျား အနံချင်း တူ ၏။

16ကုလားကာ ငါး ထည်တစပ်၊ ခြောက် ထည်တစပ်တည်း ချုပ် လေ၏။

17ကုလားကာများဆက်မှီ ရာ၌၊ ပြင် ဘက်ကနေသောကုလားကာ တထည်အနား မှာ ကွင်း ငါးဆယ် ကို၎င်း၊ ဆက်မှီ သော အခြား ကုလားကာ အနား မှာ ကွင်း ငါးဆယ် ကို၎င်းလုပ် လေ၏။

18ကြေးဝါ ချောင်း ငါးဆယ် ကိုလည်း လုပ် ၍ အပေါ်တဲ တပိုင်းနှင့် တပိုင်းကို ပူးတွဲ သဖြင့်၊ တဲတဆောင် တည်းဖြစ်လေ၏။

19အပေါ်တဲ ဖုံးအုပ် ဘို့ အနီ ဆိုးသော သိုး ရေ ကို၎င်း၊ ထိုသိုးရေအပေါ် ၌ တဟာရှ သားရေ ကို၎င်း လုပ် လေ၏။

20တဲ တော်ကာရန်ထောင် ထားသော အကာရှ ပျဉ်ပြား တို့ကိုလည်း လုပ် လေ၏။

21ပျဉ်ပြား သည် အလျား ဆယ် တောင် ၊ အနံ တတောင် ထွာ ရှိ၏။

22ထိုပျဉ်ပြား ရှိသမျှ တို့၌ ခြေထောက်နှစ်ခုစီ တတန်း တည်းရှိစေခြင်းငှာ လုပ် လေ၏။

23တဲ တော်တောင် ဘက် ၌ ကာရန် ပျဉ်ပြား နှစ်ဆယ် ကို လုပ် ၍၊

24ထိုပျဉ်ပြား နှစ်ဆယ် တွင်၊ တပြားတပြားအောက် ၌ ခြေထောက် နှစ် ခုစီ စွပ်စရာဘို့ ငွေ ခြေစွပ် လေးဆယ် ကို လုပ် လေ၏။

25ထိုအတူ တဲ တော်မြောက် ဘက် ၌ ကာရန် ပျဉ်ပြား နှစ်ဆယ် ကို လုပ် ၍၊

26ထိုပျဉ်ပြား ၌လည်း ငွေ ခြေစွပ် လေးဆယ် ၊ တပြား နှစ် ခုစီ လုပ်လေ၏။

27တဲ တော်အနောက် ဘက်၌ ကာရန် ပျဉ်ပြား ခြောက် ပြားကို၎င်း၊

28ထောင့် တဘက် တချက်၌ ကာရန် ပျဉ်ပြား နှစ် ပြားကို၎င်းလုပ် လေ၏။

29အထက် ၌ ၎င်း၊ အောက် ၌၎င်း ၊ ကွင်း ကိုတပ် ၍ စေ့စပ်လျက် ထောင့် နှစ် ခုပြီး လေ၏။

30ပျဉ်ပြား ရှစ် ပြား၊ ငွေ ခြေစွပ် ဆယ် ခြောက် ခု၊ တပြား နှစ် ခုစီ ရှိ လေ၏။

31တဲ တော်၌ ကာရသော ပျဉ်ပြား ကို လျှိုစရာဘို့ အကာရှ သား ကန့်လန့်ကျင် တို့ကို၊ တဘက် ငါး ချောင်းစီ လုပ် လေ၏။

32တဲ တော်နောက်ဖေး ၌ ကာရသော ပျဉ်ပြား ကို လျှိုစရာဘို့ ၊ ကန့်လန့်ကျင် ငါး ချောင်းကိုလည်း လုပ်လေ၏။

33အလယ် ကန့်လန့်ကျင် ကို ထောင့်တဘက်တချက် ၌ ဆုံး စေ၏။

34ပျဉ်ပြား တို့ကို ရွှေ နှင့်မွမ်းမံ လေ၏။ ကန့်လန့်ကျင် လျှို ဘို့ရာ ရွှေ ကွင်း ကိုလည်း လုပ် ၍ ကန့်လန့်ကျင် တို့ကို ရွှေ နှင့်မွမ်းမံ လေ၏။

35တနည်းကား၊ ပြာ သောအထည်၊ မောင်း သောအထည်၊ နီ သောအထည်၊ ပိတ်ချော ဖြင့် ပြီး ၍၊ ခေရုဗိမ် အရုပ်နှင့်၊ ချယ်လှယ် သော ကုလားကာ တထည်ကို၎င်း၊

36ထိုကုလားကာဘို့ ရွှေ ချ သော အကာရှ သားတိုင် လေး တိုင်ကို၎င်းလုပ် လေ၏။ ထိုတိုင် တို့သည် ရွှေ တံစို့ နှင့် ပြည့်စုံ၍၊ ငွေ ခြေစွပ် လေး ခုကိုလည်း သွန်း လေ၏။

37တဲ တော်တံခါး ဝ၌ ကာရန်၊ ပြာ သောအထည်၊ မောင်း သော အထည်၊ နီ သော အထည် ပိတ်ချော ဖြင့် ပြီး ၍ ချယ်လှယ် သော ကုလားကာ တထည်ကို၎င်း၊

38ထိုကုလားကာ ဘို့ တံစို့ နှင့် ပြည့်စုံသော တိုင် ငါး တိုင်ကို၎င်းလုပ်၍၊ တိုင် ထိပ် နှင့်တိုင် တန်း တို့ကို ရွှေ နှင့် မွမ်းမံ လေ၏။ ကြေးဝါ ခြေစွပ် ငါးခု လည်း ရှိ၏။

← ထွက်မြောက်ရာကျမ်း 35Read In The App, Free →ထွက်မြောက်ရာကျမ်း 37 →

Study ထွက်မြောက်ရာကျမ်း 36

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

12345678910111213141516171819202122232425262728293031323334353637383940