ထွက်မြောက်ရာကျမ်း 37:29
ဆေးသမားအတတ် နှင့်ဆေးပေါင်းကိုဘော် တတ်သည်အတိုင်း၊ သန့်ရှင်း သော လိမ်း ရန်နံ့သာဆီ ကို ၎င်း၊ နံ့သာ မျိုးနှင့်ဘော်သော မီးရှို့ရာနံ့သာ ပေါင်းစင် ကို၎င်းလုပ် လေ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
28ထမ်းဘိုး တို့ကို အကာရှ သား နှင့်လုပ် ၍ ရွှေ နှင့်မွမ်းမံ လေ၏။
Read all of ထွက်မြောက်ရာကျမ်း 37
Cross References
Exodus 30:22တဖန် ထာဝရဘုရား သည်၊ မောရှေ အား မိန့် တော်မူပြန်သည်ကား၊
Psalms 14:1ဘုရား သခင်မ ရှိဟု မိုက် သောသူသည် ထင် တတ် ၏။ ထိုသို့သောသူတို့ သည် ဆွေးမြေ့ ယိုယွင်း၍ စက်ဆုပ် ဘွယ်သော အမှုကို ပြုတတ်ကြ၏။ ကောင်း သောအမှု ကို ပြု သောသူတ ယောက်မျှမရှိ။
Psalms 92:10အကျွန်ုပ် ၏ ချို ကိုကား၊ ကြံ့ ချိုကဲ့သို့ ချီးမြှောက် ၍ ၊ အကျွန်ုပ်ကို အသစ် သောဆီ နှင့် လိမ်း တော်မူလိမ့်မည်။
Ecclesiastes 10:1အထုံသမားလုပ် သော နံ့သာ ဆီကို သေ သော ယင်ကောင် သည် နံ စေသကဲ့သို့၊ အနည်းငယ် သောအမိုက် သည် ပညာ နှင့်ဂုဏ် အသရေထင်ရှား သောသူကို ထိုအတူ ဖြစ်စေတတ်၏။
Isaiah 61:1ထာဝရဘုရား ၏ ဝိညာဉ် တော်သည် ငါ့ အပေါ် မှာ တည်တော်မူ၏။ အကြောင်း မူကား၊ ဆင်းရဲ သားတို့ အား ဝမ်းမြောက်စရာ သိတင်းကို ကြားပြော စေခြင်းငှါ ၊ ငါ့ ကို ဘိသိက် ပေးတော်မူပြီ။ နှလုံး ကြေကွဲ သောသူတို့၏ အနာကို စည်း စေခြင်းငှါ ၎င်း၊ ဘမ်း သွားချုပ်ထားလျက် ရှိသောသူတို့ အား လွှတ်ခြင်း အကြောင်းနှင့်၊ အကျဉ်းခံ လျက်ရှိသောသူတို့ အား ထောင်တံခါးဖွင့် ခြင်း အကြောင်းကို ပြစေခြင်းငှါ၎င်း၊
John 3:34ဘုရားသခင် စေလွှတ် တော်မူသောသူ သည် ဘုရားသခင် ၏စကား တော်ကို ပြောဆို တတ်၏။ ထိုသူ အား ဘုရားသခင်သည် ဝိညာဉ် တော်ကို အတိုင်း အရှည် မ ရှိဘဲ ပေး တော်မူ၏။