The Bible Software
ထွက်မြောက်ရာကျမ်း · မြန်မာကျမ်းစာ

ထွက်မြောက်ရာကျမ်း 37

1တဖန် ဗေဇလေလ သည်၊ အလျား နှစ်တောင် ထွာ ၊ အနံ တတောင် ထွာ၊ စောက် တတောင် ထွာ ရှိသောသေတ္တာ ကို အကာရှ သား နှင့်လုပ် ၍ ၊

2သေတ္တာအတွင်း အပြင် ကို ရွှေ စင် နှင့်မွမ်းမံ လေ၏။ သေတ္တာပေါ်နားပတ်လည် ၌ကွပ် သောရွှေ တန်ဆာကိုလည်း လုပ် လေ၏။

3ရွှေ လေး ကွင်း ကို သွန်း ၍၊ သေတ္တာ လေး ထောင့်၌ တ မျက်နှာ နှစ် ကွင်း စီတပ်လေ၏။

4အကာရှ သား ထမ်းဘိုး ကို လုပ် ၍ ရွှေ နှင့်မွမ်းမံ ပြီးမှ ၊

5သေတ္တာ ထမ်း စရာဘို့ တဘက်တချက် ရွှေကွင်း ၌ လျှိုထား လေ၏။

6အလျား နှစ်တောင် ထွာ ၊ အနံ တတောင် ထွာ ရှိသောသေတ္တာအဖုံး ကိုလည်း ၊ ရွှေ စင် နှင့်လုပ် လေ၏။

7ရွှေ ခေရုဗိမ် နှစ် ပါးကိုလည်း ၊ သေတ္တာအဖုံး တွင် အလျားတဘက်တချက် ၌ ထု လုပ် လေ၏။

8ထိုသို့ ခေရုဗိမ် နှစ် ပါးကို၊ သေတ္တာဖုံး ကိုယ်ထဲက ထုတ်၍၊ သေတ္တာဖုံးအပေါ်၌ တဘက်တပါးစီ လုပ် ပြီးလျှင် ၊

9ခေရုဗိမ်နှစ်ပါးတို့သည် မျက်နှာ ချင်း ဆိုင် ၍၊ သေတ္တာဖုံး ကို ရှု လျက်၊ မိမိ အတောင် ကို ဖြန့် ၍ သေတ္တာဖုံး ကို မိုး လျက် ရှိ ၏။

10အလျား နှစ်တောင် ၊ အနံ တတောင် ၊ အမြင့် တတောင် ထွာ ရှိသော စားပွဲ ကိုလည်း ၊ အကာရှ သား နှင့် လုပ် ၍ ၊

11ရွှေ စင် နှင့် မွမ်းမံ လေ၏။ စားပွဲအပေါ်နားပတ်လည် ၌ ကွပ် သော ရွှေ တန်ဆာကို၎င်း၊

12အနံ တလက်ဝါး ရှိသောခါးပန်း ကို၎င်း၊ ခါးပန်း အပေါ်နားပတ်လည်၌ ကွပ် သော ရွှေ တန်ဆာကို၎င်း လုပ် လေ၏။

13ရွှေ လေး ကွင်း ကိုလည်း သွန်း ၍ ခြေထောက် လေး ခုအထက်၊ စားပွဲလေး ထောင့် ၌ တပ် လေ၏။

14ထိုရွှေကွင်း တို့သည် ခါးပန်း ပေါ်မှာရှိ၍၊ စားပွဲ ထမ်း စရာ ထမ်းဘိုး နေရာ ဖြစ် ၏။

15စားပွဲ ထမ်း စရာ အကာရှ သား ထမ်းဘိုး ကို လုပ် ၍ ရွှေ နှင့် မွမ်းမံ လေ၏။

16စားပွဲ တန်ဆာ တည်းဟူသောလင်ပန်း ၊ ဇွန်း ၊ အင်တုံ ၊ လောင်း စရာ ဖလား များကိုလည်း ရွှေ စင် နှင့် လုပ် လေ၏။

17မီးခုံ ကိုလည်း ရွှေ စင် နှင့်လုပ် ၍၊ မီးခုံ တိုင်အစရှိသော အလက် များ၊ ခွက် များ၊ ဘူးသီး များ၊ ကြာပွင့် များတို့ကို တစပ်တည်းထု လေ၏။

18မီးခုံ တိုင် တဘက် တချက် သုံး လက်စီ ထွက် ၍၊ အလက် ခြောက် လက်ရှိ၏။

19မီးခုံ တိုင်ထဲက ထွက် သော အလက် သုံးလက်တွင်၊ တလက်တလက်၌ဘူး ၊ ကြာပွင့် နှင့်တကွ ဗာတံ သီးနှင့် ပုံတူသော ခွက် သုံး ခွက်ရှိ၏။

20မီးခုံ တိုင်၌ လည်း ဘူး ၊ ကြာပွင့် နှင့်တကွ ဗာတံ သီးနှင့်ပုံတူသော ခွက် လေး ခွက်ရှိ၏။

21မီးခုံ တိုင်ထဲက ထွက် သော အလက် ခြောက် လက်ရှိသည်အတိုင်း ၊ အလက် နှစ်ဘက် အောက် ၌လည်း ဘူးသီး တလုံးစီရှိ၏။

22ဘူး များ၊ အလက် များတို့ကို တကိုယ်တစပ်တည်း ဖြစ် စေ၍ မီးခုံ တကိုယ် လုံးကို ရွှေ စင် နှင့် ထု လုပ်လေ၏။

23မီးခွက် ခုနစ် လုံး၊ မီးညှပ် နှင့် မီးညှပ်ခံစရာခွက် များကိုလည်း ရွှေ စင် နှင့် လုပ် လေ၏။

24မီးခုံနှင့် မီးခုံတန်ဆာ ရှိသမျှ တို့ကို ရွှေ စင် အခွက် တဆယ်နှင့် လုပ် သတည်း။

25တနည်းကား၊ နံ့သာ ပေါင်းကို မီးရှို့စရာ ယဇ် ပလ္လင်ကို အကာရှ သားနှင့် လုပ် လေ၏။ ထိုပလ္လင်သည် အလျား တတောင် ၊ အနံ တတောင် ၊ စတုရန်း လေးထောင့်ဖြစ်၍အမြင့် နှစ်တောင် ရှိလေ၏။ ဦးချို တို့ကိုလည်း အကာရှ သားဖြင့် ပြီး စေ၏။

26ပလ္လင်ထိပ်၊ နံရံ၊ ဦးချို တို့ကို ရွှေ စင် နှင့် မွမ်းမံ ၍၊ အပေါ် နားပတ်လည် ၌ကွပ် သော ရွှေ တန်ဆာကို လုပ် လေ၏။

27ရွှေတန်ဆာအောက် ပလ္လင်တဘက် တချက်ထောင့်၌ ရွှေ ကွင်း နှစ် ကွင်းကိုလုပ် ၍ ပလ္လင် ထမ်း စာရာ ထမ်းဘိုး နေရာ ဖြစ်၏။

28ထမ်းဘိုး တို့ကို အကာရှ သား နှင့်လုပ် ၍ ရွှေ နှင့်မွမ်းမံ လေ၏။

29ဆေးသမားအတတ် နှင့်ဆေးပေါင်းကိုဘော် တတ်သည်အတိုင်း၊ သန့်ရှင်း သော လိမ်း ရန်နံ့သာဆီ ကို ၎င်း၊ နံ့သာ မျိုးနှင့်ဘော်သော မီးရှို့ရာနံ့သာ ပေါင်းစင် ကို၎င်းလုပ် လေ၏။

← ထွက်မြောက်ရာကျမ်း 36Read In The App, Free →ထွက်မြောက်ရာကျမ်း 38 →

Study ထွက်မြောက်ရာကျမ်း 37

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

12345678910111213141516171819202122232425262728293031323334353637383940