ထွက်မြောက်ရာကျမ်း 4:21
ထာဝရဘုရား ကလည်း ၊ သင် သည် အဲဂုတ္တု ပြည်သို့ သွား ၍ ရောက် လျှင် ၊ သင် ၌ ငါအပ် သော အံ့ဘွယ် သော အမှုအလုံးစုံ တို့ကို ဖါရော ဘုရင်ရှေ့ မှာ ပြ လော့။ ထိုသို့ပြသော်လည်းသူ ၏နှလုံး ကို ငါ ခိုင်မာ စေ၍၊ သူသည် ဣသရေလလူ တို့ကို မ လွှတ် ဘဲ နေလိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
22ဖါရော ဘုရင်ကို လည်း ထာဝရဘုရား က ဣသရေလ သည် ငါ့ သား ဖြစ်၏။ ငါ့ သားဦး ဖြစ်၏။
Read all of ထွက်မြောက်ရာကျမ်း 4
Cross References
Genesis 6:3ထာဝရဘုရား ကလည်း ငါ့ ဝိညာဉ် သည် လူ တို့တွင် အစဉ် မ ဆုံး မရ။ အကြောင်းမူကား လူ တို့သည် အသား ဖြစ်၏။ သူ ၏အသက် တန်းသည် လည်း၊ အနှစ် တရာ နှစ် ဆယ်ဖြစ် စေဟုမိန့် တော်မူ၏။
Exodus 3:20ငါ သည်လည်း လက် ကိုဆန့် ၍ ၊ အဲဂုတ္တု ပြည်ထဲ ၌ ငါပြု လတံ့သော ငါ ၏အံ့ဘွယ် သောအမှုရှိသမျှ တို့နှင့် ထို ပြည်ကို ဒဏ်ခတ် မည်။ ထိုနောက် အဲဂုတ္တုရှင်ဘုရင်သည် သင် တို့ကို လွှတ် လိမ့်မည်။
Exodus 7:13ထာဝရဘုရား မိန့် တော်မူသည်အတိုင်း ၊ ဖါရော ဘုရင်သည် နှလုံး ခိုင်မာ ၍ သူ တို့၏စကားကို နား မ ထောင်ဘဲနေ၏။
Exodus 8:15ဖါရော မင်းလည်း၊ သက်သာ ရကြောင်းကို သိမြင် သောအခါ ၊ ထာဝရဘုရား မိန့် တော်မူသည်အတိုင်း ၊ နှလုံး ခိုင်မာ ၍ သူ တို့စကားကို နား မ ထောင်ဘဲ နေပြန် လေ၏။
Exodus 9:35ထိုသို့ ဖာရောဘုရင်သည် နှလုံး ခိုင်မာ သည်ဖြစ်၍ ၊ မောရှေ ၌ ထာဝရဘုရား မိန့် တော်မူသည်အတိုင်း ၊ ဣသရေလ အမျိုးသား တို့ကို မ လွှတ် ဘဲနေပြန်သတည်း။
Exodus 11:10မောရှေ နှင့် အာရုန် တို့သည် ဖာရော ဘုရင်ရှေ့မှာ ဤ အံ့ဘွယ် သော အမှုအလုံးစုံ တို့ကို ပြု သော်လည်း ၊ ထာဝရဘုရား သည် ဖာရော ဘုရင်၏ နှလုံး ကို ခိုင်မာ စေတော်မူသဖြင့် ၊ ဣသရေလ အမျိုးသား တို့ကို ပြည် တော်မှ ထွက်သွားရသောအခွင့် ကို မ ပေးဘဲ နေသတည်း။