ထွက်မြောက်ရာကျမ်း 7:13
ထာဝရဘုရား မိန့် တော်မူသည်အတိုင်း ၊ ဖါရော ဘုရင်သည် နှလုံး ခိုင်မာ ၍ သူ တို့၏စကားကို နား မ ထောင်ဘဲနေ၏။
မြန်မာကျမ်းစာ
In The King James Version
And he hardened Pharaoh’s heart, that he hearkened not unto them; as the LORD had said.
In Context
14ဖါရော ဘုရင်သည် နှလုံး ခိုင်မာ ၍ ဣသရေလလူ တို့ကို မ လွှတ်ဘဲနေ၏။
Read all of ထွက်မြောက်ရာကျမ်း 7
Cross References
Exodus 4:21ထာဝရဘုရား ကလည်း ၊ သင် သည် အဲဂုတ္တု ပြည်သို့ သွား ၍ ရောက် လျှင် ၊ သင် ၌ ငါအပ် သော အံ့ဘွယ် သော အမှုအလုံးစုံ တို့ကို ဖါရော ဘုရင်ရှေ့ မှာ ပြ လော့။ ထိုသို့ပြသော်လည်းသူ ၏နှလုံး ကို ငါ ခိုင်မာ စေ၍၊ သူသည် ဣသရေလလူ တို့ကို မ လွှတ် ဘဲ နေလိမ့်မည်။
Exodus 7:22အဲဂုတ္တု အမျိုးသားဝိဇ္ဇာဆရာ တို့လည်း ဝိဇ္ဇာအတတ် အားဖြင့် ထိုအတူ ပြု ကြ၏။ ထာဝရဘုရား မိန့် တော်မူသည်အတိုင်း ၊ ဖါရော ဘုရင်သည် နှလုံး ခိုင်မာ ၍ သူ တို့၏စကားကို နား မ ထောင်ဘဲနေ၏။
Exodus 8:15ဖါရော မင်းလည်း၊ သက်သာ ရကြောင်းကို သိမြင် သောအခါ ၊ ထာဝရဘုရား မိန့် တော်မူသည်အတိုင်း ၊ နှလုံး ခိုင်မာ ၍ သူ တို့စကားကို နား မ ထောင်ဘဲ နေပြန် လေ၏။
Exodus 9:7ဖါရော ဘုရင်သည် လူကိုစေလွှတ် ၍ ၊ ဣသရေလ အမျိုးသားတို့၏ တိရစ္ဆာန် တ ကောင်မျှ မ သေ ကြောင်းကို သိ ရ၏။ သို့သော်လည်း နှလုံး ခိုင်မာ ပြန်၍ ၊ ဣသရေလလူ တို့ကို မ လွှတ် ဘဲနေလေ၏။
Exodus 10:1တဖန် ထာဝရဘုရား က၊ သင်သည် ဖာရော ဘုရင်ထံ သို့ဝင် လော့။ ငါသည် ဤ နိမိတ် တို့ကို သူ ရှေ့ ၌ ပြ ခြင်းငှာ ၎င်း၊
Exodus 10:27ထာဝရဘုရား သည် ဖာရော ဘုရင်၏ နှလုံး ကို ခိုင်မာ စေတော်မူသဖြင့် ၊ သူသည် ဣသရေလ အမျိုးသားတို့ကို မ လွှတ် ။