ထွက်မြောက်ရာကျမ်း 5:22
မောရှေ သည်လည်း ၊ ထာဝရဘုရား ထံ တော်သို့သွား ၍ ၊ အိုဘုရား ရှင်၊ ကိုယ်တော်သည် ဤ လူမျိုး ကို အဘယ်ကြောင့် ညှဉ်းဆဲ တော်မူသနည်း။ အကျွန်ုပ် ကို အဘယ်ကြောင့် စေလွှတ် တော်မူသနည်း။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ထွက်မြောက်ရာကျမ်း 5
Cross References
Numbers 11:11ဤ လူ အပေါင်း တို့ကို ထမ်းစေဟု သူတို့ကို ကိုယ်တော် ကျွန် အပေါ် မှာ တင် ၍ အဘယ်ကြောင့် အကျွန်ုပ် ကို ညှဉ်းဆဲ တော်မူပါသနည်း။ အဘယ်ကြောင့် ရှေ့ တော်၌ မျက်နှာ မ ရဘဲ နေရပါသနည်း။
Joshua 7:7ယောရှု ကလည်း ၊ အို အရှင် ထာဝရဘုရား ၊ ကိုယ်တော် သည် ဤ လူ အပေါင်းတို့ကို အာမောရိ လူတို့လက် သို့ အပ် ၍ ဖျက်ဆီး စေခြင်းငှါ ယော်ဒန် မြစ်တဘက် သို့ အဘယ်ကြောင့် ဆောင်ခဲ့တော်မူသနည်း။ အကျွန်ုပ်တို့ သည် ရောင့်ရဲသောစိတ်ရှိ၍ ယော်ဒန် မြစ်အရှေ့ ဘက်၌ နေ ကြပါစေသော။
1 Kings 19:4သူ့ကိုယ်တိုင်သည် တော သို့ တနေ့ ခရီးသွား ပြီးလျှင် ၊ ရသမ် ပင်အောက် သို့ရောက် ၍ ထိုင် လေ၏။ ထိုအခါ ကိုယ် အသက် သေ ရမည်အကြောင်း ဆုတောင်း လျက် ၊ အိုထာဝရဘုရား ၊ ယခု တန် ပါ၏။ အကျွန်ုပ် အသက် ကို သိမ်းယူ တော်မူပါ။ အကျွန်ုပ် သည် ဘိုးဘေး တို့ ထက် သာ၍ မ ကောင်းပါဟု မြည်တမ်း ပြီးလျှင်၊
Psalms 73:25ကိုယ်တော်မှတပါး၊ ကောင်းကင် ဘုံမှာ အကျွန်ုပ် ၌ အဘယ် သူရှိပါသနည်း။ ကိုယ်တော် ကိုအလိုရှိသည်နှင့်အမျှ မြေကြီး ပေါ်မှာ အကျွန်ုပ်သည် အဘယ်အလိုရှိ ပါသနည်း။
Jeremiah 20:7အို ထာဝရဘုရား ၊ ကိုယ်တော်သည် အကျွန်ုပ် ကို သွေးဆောင် တော်မူသည်အတိုင်း အကျွန်ုပ်လိုက်ပါပြီ။ ကိုယ်တော်သည် အကျွန်ုပ် ထက်အားကြီး ၍ နိုင် တော်မူပြီ။ အကျွန်ုပ်သည် ကဲ့ရဲ့ ခြင်းကို နေ့ တိုင်း ခံရ ပါ၏။ လူတိုင်း ပြက်ပြယ် ခြင်းကို ပြုတတ်ကြပါ၏။