The Bible Software
ထွက်မြောက်ရာကျမ်း · မြန်မာကျမ်းစာ

ထွက်မြောက်ရာကျမ်း 5

1ထိုနောက်မှ ၊ မောရှေ နှင့် အာရုန် သည် ဖါရော ဘုရင်ထံသို့ ဝင် ၍ ၊ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား က၊ ငါ ၏လူ တို့သည် တော ၌ ငါ့ အဘို့ ပွဲခံ စေခြင်းငှါ လွှတ် ရမည်ဟု မိန့် တော်မူကြောင်းကို လျှောက် ၏။

2ဖါရော မင်းကလည်း ၊ ထာဝရဘုရား ၏စကား ကို နားထောင် ၍ ၊ ဣသရေလ အမျိုးသားတို့ကို ငါလွှတ် စေ ခြင်းငှါ ထိုဘုရားကား အဘယ်သူနည်း။ ထာဝရဘုရား ကို ငါမ သိ ၊ ဣသရေလ အမျိုးသားတို့ကို ငါမ လွှတ် ဟု ဆို လေ၏။

3သူတို့ကလည်း၊ ဟေဗြဲ လူတို့၏ ဘုရား သခင်သည် ကျွန်တော် တို့နှင့် တွေ့ တော်မူပြီ။ တော သို့ သုံး ရက် ခရီး သွား ၍ ၊ ကျွန်တော် တို့ ဘုရား သခင်ထာဝရဘုရား အား ယဇ်ပူဇော် ရသောအခွင့်ကိုပေး တော်မူပါ။ သို့မဟုတ် ကာလနာ ဘေး၊ ထား ဘေးတစုံတခုဖြင့် ကျွန်တော် တို့ကို ဒဏ်ခတ် တော်မူလိမ့်မည်ဟု လျှောက် ဆို၏။

4အဲဂုတ္တု ရှင်ဘုရင် ကလည်း ၊ မောရှေ နှင့် အာရုန် ၊ သင်တို့သည် ဤလူ များတို့ကို အဘယ်ကြောင့် အလုပ် ပြတ် စေသနည်း။ အမှု တော်ကို သွား ၍ ဆောင်ရွက်ကြဟု မိန့် တော်မူ၏။

5တဖန် လည်း ပြည် တော်၌ ထိုလူ တို့သည် ယခု များ ကြ၏။ အမှု မထမ်း စေခြင်းငှါသင်တို့သည် အခွင့်ပေး ကြသည်တကားဟု ဖါရော ဘုရင်ဆို ၍ ၊

6ထိုနေ့ ခြင်းတွင် အအုပ်အချုပ် ၊ အကြပ်အဆော်တို့ကို ခေါ်ပြီးလျှင်၊

7အုတ် လုပ် စရာဘို့ ကောက်ရိုး ကို လူ တို့အား အရင် ပေးသကဲ့သို့ မ ပေး နှင့်။ သူ တို့သည် ကောက်ရိုး ကို ကိုယ် ဘို့ ရှာ ယူကြစေ။

8အုတ် ကိုကား၊ အရေအတွက် အားဖြင့်အရင် ကဲ့သို့လုပ် စေရမည်၊ အလျှင်းမ လျော့ စေနှင့်။ သူ တို့သည် ပျင်းရိ ကြ၏။ ထိုကြောင့် သွား ၍ငါ တို့ ဘုရား သခင်အား ယဇ်ပူဇော် ကြစို့ဟု ကြွေးကြော် တတ်ကြ၏။

9သို့ဖြစ်၍စည်းကြပ်လျက် လုပ် စေကြ။ ပင်ပန်း စေကြ။ လူမိုက် စကား ကို နား မ ထောင်စေနှင့်ဟု မိန့်တော်မူ၏။

10အအုပ်အချုပ် အကြပ်အဆော် တို့သည် ထွက် ၍ ၊ ဖါရော ဘုရင်က ကောက်ရိုး ကိုငါ မ ပေး။

11ကောက်ရိုး ကို တွေ့ နိုင်ရာအရပ် ၌ ရှာ ကြ။ သို့သော်လည်း လုပ်ရသောအလုပ် အလျှင်းမ လျော့ ရဟု အမိန့် တော်ရှိသည်ဟု လူ တို့အား ပြန်ကြား ကြ၏။

12သို့ဖြစ်၍ လူ တို့သည် ကောက်ရိုး အတွက် အမှိုက် ကို ရှာ ယူခြင်းငှါ အဲဂုတ္တု ပြည် တရှောက်လုံး တွင် အရပ်ရပ်ကွဲပြား ကြ၏။

13အုပ်ချုပ် သောသူတို့ ကလည်း ၊ ကောက်ရိုး ကို ရ သည်ကာလ၌ နေ့ တိုင်းလုပ် ရသည်အတိုင်း ၊ ပြီး အောင် လုပ်ကြဟု သူတို့ကိုနှိုးဆော် ကြ၏။

14ဖါရော မင်း၏ အအုပ်အချုပ် တို့သည် ခန့် ထားသော ဣသရေလ အမျိုး အကြပ်အဆော် တို့ကို သင်တို့သည် အရင် ကလုပ်သည်အတိုင်း ၊ ယနေ့ နှင့်မနေ့ ၌ အုတ် လုပ်ရသောအမှု ကို အဘယ်ကြောင့် မ ပြီးစီး စေကြ သနည်းဟု စစ်၍ရိုက် ကြ၏။

15ထိုအခါ၊ ဣသရေလ အမျိုး အကြပ်အဆော် တို့သည်၊ ဖါရော မင်းထံသို့ သွား ၍ ၊ ကိုယ်တော်သည် ကိုယ်တော် ကျွန် တို့ကို အဘယ်ကြောင့် ဤသို့ စီရင် တော်မူသနည်း။

16ကိုယ်တော် ကျွန် တို့အား ၊ ကောက်ရိုး ကိုမ ပေး ၊ အုပ်ချုပ်သောသူတို့ ကလည်း၊ အုတ် ကိုလုပ် ကြဟု ဆို သဖြင့်၊ ကျွန်တော်တို့သည် အရိုက် ခံရကြပါ၏။ ကိုယ်တော် လူ တို့၌သာ အပြစ် ရှိပါသည်ဟု အော်ဟစ် ကြ၏။

17ဖါရောဘုရင်ကလည်း ၊ သင် တို့သည် ပျင်းရိ သည်၊ ပျင်းရိ သည်။ ထိုကြောင့် ငါတို့သည်သွား ၍ ထာဝရဘုရား အား ယဇ်ပူဇော် ကြစို့ဟု သင် တို့ဆို တတ်ကြ၏။

18သို့သောကြောင့် ယခု သွား ၍လုပ် ကြ။ ကောက်ရိုး ကိုမ ပေး ရ။ သို့သော်လည်းအုတ် ကိုပေးမြဲပေး ရမည်ဟု မိန့် တော်မူ၏။

19ထိုသို့ နေ့ တိုင်းလုပ်ရသောအုတ် အရေအတွက်၌ အလျှင်းမ လျော့ ရဟု အမိန့်တော်ရှိသည်ဖြစ်၍၊ ဣသရေလ အမျိုး အကြပ်အဆော် တို့သည် မိမိ တို့၌ အမှုကြီးရောက်ကြောင်းကို သိမြင် ကြ၏။

20ဖါရော မင်းထံ မှ ထွက်သွား ကြစဉ် ၊ လမ်း၌ စောင့် လျက်နေသောမောရှေ နှင့် အာရုန် ကို တွေ့ လျှင် ၊

21ထာဝရဘုရား သည် သင် တို့ကို ကြည့်ရှု ၍ စီရင် တော်မူပါစေသော။ အကြောင်းမူကား၊ ဖါရော မင်းနှင့် အမှု တော်ထမ်းအပေါင်းတို့သည် ငါ တို့ကို ရွံရှာ စေခြင်းငှါ ၎င်း၊ ငါ တို့ကိုသတ် ရသောအခွင့်ရှိစေခြင်းငှါ ၎င်း၊ သင်တို့သည် ပြုကြပြီတကားဟု ဆို ကြ၏။

22မောရှေ သည်လည်း ၊ ထာဝရဘုရား ထံ တော်သို့သွား ၍ ၊ အိုဘုရား ရှင်၊ ကိုယ်တော်သည် ဤ လူမျိုး ကို အဘယ်ကြောင့် ညှဉ်းဆဲ တော်မူသနည်း။ အကျွန်ုပ် ကို အဘယ်ကြောင့် စေလွှတ် တော်မူသနည်း။

23အကျွန်ုပ်သည် ကိုယ်တော်အခွင့် နှင့် ပြော ခြင်းငှာ ၊ ဖါရော မင်း ထံ သို့ဝင် သည်နေ့မှစ၍ ၊ သူသည် ဤ လူမျိုး ကို ညှဉ်းဆဲ ပါပြီ။ ကိုယ်တော်သည် ကိုယ်တော် ၏ လူ တို့ကို အလျှင်းကယ်လွှတ် တော်မ မူပါဟု လျှောက် ၏။

← ထွက်မြောက်ရာကျမ်း 4Read In The App, Free →ထွက်မြောက်ရာကျမ်း 6 →

Study ထွက်မြောက်ရာကျမ်း 5

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

12345678910111213141516171819202122232425262728293031323334353637383940