ထွက်မြောက်ရာကျမ်း 5:4
အဲဂုတ္တု ရှင်ဘုရင် ကလည်း ၊ မောရှေ နှင့် အာရုန် ၊ သင်တို့သည် ဤလူ များတို့ကို အဘယ်ကြောင့် အလုပ် ပြတ် စေသနည်း။ အမှု တော်ကို သွား ၍ ဆောင်ရွက်ကြဟု မိန့် တော်မူ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ထွက်မြောက်ရာကျမ်း 5
Cross References
Exodus 1:11ထို့ကြောင့် အဲဂုတ္တုမင်းတို့သည်၊ ကျပ်တည်းစွာ နှိပ်စက် ညှဉ်းဆဲစေခြင်းငှါ အအုပ်အချုပ် ခန့်ထား ကြ၏။ ဣသရေလလူတို့သည်၊ ဘဏ္ဍာတော်သို ထားဘို့ ၊ ပိသုံ မြို့ နှင့် ရာမသက် မြို့ကို တည်ဆောက် ရကြ၏။
Amos 7:10ထိုအခါ ဗေသလ ယဇ်ပုရောဟိတ် အာမဇိ သည် ဣသရေလ ရှင်ဘုရင် ယေရောဗောင် ထံသို့ စေလွှတ် ၍၊ အာမုတ် သည် ဣသရေလ အမျိုး အလယ် တွင် ကိုယ်တော် တဘက် ၌ မကောင်း သောအကြံကို ကြံစည်ပါပြီ။ သူ ၏ စကား အလုံးစုံ တို့ကို ပြည် တော်သည် မ ခံ နိုင် ပါ။
Acts 16:20စစ်ကဲ မင်းထံသို့ရောက် သောအခါ ဤ သူ တို့သည် ယုဒ လူဖြစ် လျက် ငါ တို့မြို့ ကို နှောင့်ရှက် တတ်ပါ၏။