ထွက်မြောက်ရာကျမ်း 6:4
သူ တို့သည် အရပ်ရပ်လည် ၍၊ ဧည့်သည်နေရာပြည် ၊ ခါနာန် ပြည် ကို သူ တို့အား ပေး ခြင်းငှါ ၊ သူ တို့နှင့် ငါ ပြုသောပဋိညာဉ် ကို ငါတည် စေပြီ။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ထွက်မြောက်ရာကျမ်း 6
Cross References
Genesis 6:18သင် ၌ မူကား ၊ ငါ့ ပဋိညာဉ် ကို ငါတည် စေမည်။ သင် သည် သား ၊ မယား ၊ ချွေးမ များနှင့်တကွ ၊ သင်္ဘော ထဲ သို့ ဝင် ရမည်။
Genesis 15:13ထာဝရဘုရားကလည်း၊ သင် ၏ အမျိုး အနွယ်သည်၊ သူတပါးပိုင်သောပြည် ၌ ဧည့်သည် ဖြစ် ကြသဖြင့် ၊ သူတပါး တို့၌ ကျွန် ခံခြင်း၊ နှိပ်စက် ညှဉ်းဆဲခြင်းကို အနှစ် လေး ရာ ပတ်လုံးခံရကြလိမ့်မည်ကို အမှန်သိမှတ်လော့။
Genesis 17:4ငါ ပြုသော ပဋိညာဉ် သည် သင် ၌ ရှိ၏။ သင်သည် လူမျိုး အများ တို့၏ အဘ ဖြစ် လိမ့်မည်။
Genesis 17:8သင် သည် ယခုဧည့်သည် ဖြစ်၍နေသောပြည် တည်းဟူသော၊ ခါနာန် ပြည် တရှောက်လုံး ကို၊ သင် အား ၎င်း ၊ သင့် နောက် ၌သင် ၏အမျိုးအနွယ် အား ၎င်း ၊ အစဉ်အမြဲ အပိုင် ပေး မည်။ သူ တို့၏ ဘုရား လည်း ငါဖြစ် မည်ဟု မိန့်မြွက်တော်မူ၏။
Genesis 23:4ငါ သည် သင် တို့ထံမှာဧည့်သည် အာဂန္တုဖြစ်ပါ ၏။ ငါ၏မယားအသေ ကောင်ကို မျက်ကွယ် မြှုပ်မည် အကြောင်း ၊ သင် တို့တွင် သင်္ချိုင်း ကို ငါ့ အား အခွင့် ပေး ပါ လော့ဟု ဆို၏။
Genesis 28:4အထက်က အာဗြဟံ အား ပေး တော်မူ၍ ၊ သင် ယခု ဧည့်သည် ဖြစ်လျက်နေသောဤပြည် ကို၊ သင် အမွေ ခံရမည်အကြောင်း ၊ သင့် အား၎င်း၊ သင် ၏အမျိုးအနွယ် အား ၎င်း ၊ အာဗြဟံ ၏ ကောင်းကြီး မင်္ဂလာကို ပေး တော်မူ စေသတည်းဟု ကောင်းကြီး ပေးလျက် မှာ ထား၍ လွှတ် လိုက်လေ၏။