ကမ္ဘာဦးကျမ်း 15:13
ထာဝရဘုရားကလည်း၊ သင် ၏ အမျိုး အနွယ်သည်၊ သူတပါးပိုင်သောပြည် ၌ ဧည့်သည် ဖြစ် ကြသဖြင့် ၊ သူတပါး တို့၌ ကျွန် ခံခြင်း၊ နှိပ်စက် ညှဉ်းဆဲခြင်းကို အနှစ် လေး ရာ ပတ်လုံးခံရကြလိမ့်မည်ကို အမှန်သိမှတ်လော့။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Genesis 17:8သင် သည် ယခုဧည့်သည် ဖြစ်၍နေသောပြည် တည်းဟူသော၊ ခါနာန် ပြည် တရှောက်လုံး ကို၊ သင် အား ၎င်း ၊ သင့် နောက် ၌သင် ၏အမျိုးအနွယ် အား ၎င်း ၊ အစဉ်အမြဲ အပိုင် ပေး မည်။ သူ တို့၏ ဘုရား လည်း ငါဖြစ် မည်ဟု မိန့်မြွက်တော်မူ၏။
Exodus 1:11ထို့ကြောင့် အဲဂုတ္တုမင်းတို့သည်၊ ကျပ်တည်းစွာ နှိပ်စက် ညှဉ်းဆဲစေခြင်းငှါ အအုပ်အချုပ် ခန့်ထား ကြ၏။ ဣသရေလလူတို့သည်၊ ဘဏ္ဍာတော်သို ထားဘို့ ၊ ပိသုံ မြို့ နှင့် ရာမသက် မြို့ကို တည်ဆောက် ရကြ၏။
Exodus 5:1ထိုနောက်မှ ၊ မောရှေ နှင့် အာရုန် သည် ဖါရော ဘုရင်ထံသို့ ဝင် ၍ ၊ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား က၊ ငါ ၏လူ တို့သည် တော ၌ ငါ့ အဘို့ ပွဲခံ စေခြင်းငှါ လွှတ် ရမည်ဟု မိန့် တော်မူကြောင်းကို လျှောက် ၏။
Exodus 22:21တပြည်တနိုင်ငံသားဖြစ်သော ဧည့်သည် ကို မ နှောင့်ရှက် မ ညှဉ်းဆဲ ရ။ သင်တို့သည် အဲဂုတ္တု ပြည် ၌ ဧည့်သည် ဖြစ် ကြဘူးပြီ။
Leviticus 19:34သင် နှင့်အတူ နေ သောဧည့်သည် ကို ကိုယ် အမျိုးသား ချင်းကဲ့သို့ မှတ် ရမည်။ ကိုယ် နှင့် အမျှ ချစ် ရမည်။ သင်တို့သည် အဲဂုတ္တု ပြည် ၌ ဧည့်သည် ဖြစ် ကြဘူးပြီ။ ငါ သည် သင် တို့၏ ဘုရား သခင်ထာဝရဘုရား ဖြစ်၏။
Deuteronomy 10:19သို့ဖြစ်၍ ဧည့်သည် တို့ကို ချစ် ကြလော့။ အကြောင်း မူကား၊ သင်တို့သည် အဲဂုတ္တု ပြည် ၌ ဧည့်သည် ဖြစ် ကြဘူးပြီ။