ထွက်မြောက်ရာကျမ်း 7:16
ဟေဗြဲ အမျိုးသားတို့၏ ဘုရား သခင်ထာဝရဘုရား က၊ ငါ့ လူ တို့သည်တော ၌ ငါ့ အား ဝတ်ပြု မည် အကြောင်း ၊ သူတို့ကိုလွှတ် လော့ဟု အမိန့်တော်ပါသောကျွန်ုပ် ကို ကိုယ်တော် ထံ သို့စေလွှတ် တော်မူပြီ။ ကိုယ်တော်သည် ယခု တိုင်အောင် နား မ ထောင်ဘဲနေပါသည် တကား။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ထွက်မြောက်ရာကျမ်း 7
Cross References
Exodus 3:18သူတို့သည် သင် ၏စကား ကို နားထောင် ၍ ၊ သင် သည် ဣသရေလ အမျိုးသားအသက်ကြီး သူများပါလျက်၊ အဲဂုတ္တု ရှင်ဘုရင် ထံ သို့ဝင် သဖြင့် ၊ ဟေဗြဲ လူတို့၏ ဘုရား သခင်ထာဝရဘုရား သည် အကျွန်ုပ် တို့နှင့် တွေ့ တော်မူပြီ။ အကျွန်ုပ် တို့၏ဘုရား သခင်ထာဝရဘုရား အား ယဇ်ပူဇော် ခြင်းငှါတော သို့ သုံး ရက် ခရီး သွား ရသောအခွင့်ကိုပေး တော်မူပါဟု လျှောက် ရမည်။
Exodus 5:1ထိုနောက်မှ ၊ မောရှေ နှင့် အာရုန် သည် ဖါရော ဘုရင်ထံသို့ ဝင် ၍ ၊ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား က၊ ငါ ၏လူ တို့သည် တော ၌ ငါ့ အဘို့ ပွဲခံ စေခြင်းငှါ လွှတ် ရမည်ဟု မိန့် တော်မူကြောင်းကို လျှောက် ၏။
Exodus 8:20ထာဝရဘုရား ကလည်း ၊ သင်သည် နံနက် စောစော ထလော့။ ရေ ဆိပ်သို့ ထွက်သွား သော ဖါရော ဘုရင်ရှေ့မှာ ရပ် ၍ ထာဝရဘုရား က၊ ငါ ၏လူ တို့သည် ငါ့ အား ဝတ်ပြု မည်အကြောင်း ၊ သူတို့ကိုလွှတ် လော့။
Exodus 9:13တဖန် ထာဝရဘုရား က၊ နံနက် စောစော ထ၍ ၊ ဖါရော ဘုရင်ရှေ့ မှာရပ် လျက် ၊ ဟေဗြဲ လူတို့၏ ဘုရား သခင် ထာဝရဘုရား က၊ ငါ ၏လူ တို့သည် ငါ့ အား ဝတ်ပြု မည်အကြောင်း ၊ သွားရသောအခွင့် ကိုပေးလော့။
Exodus 13:15ဖာရော ဘုရင်သည်၊ ငါ တို့ကို အလွယ်တကူမ လွှတ် ဘဲနေသောအခါ ၊ အဲဂုတ္တု ပြည် ၌ လူ ဖြစ်စေ ၊ တိရစ္ဆာန် ဖြစ်စေ၊ သားဦး အပေါင်း တို့ကို ထာဝရဘုရား ကွပ်မျက် တော်မူ၏။ ထိုကြောင့် အဦး ဘွားသော တိရစ္ဆာန် အထီး ရှိသမျှ တို့ကို ထာဝရဘုရား အား ယဇ်ပူဇော် ရမည်။ ကိုယ် သား တို့တွင် သားဦး ကို ရွေး ရမည်ဟု ပြန်ဆို ရမည်။
1 Samuel 4:6ကြွေးကြော် သံ ကို ဖိလိတ္တိ လူတို့သည် ကြား လျှင် ၊ ဟေဗြဲ တပ် ၌ ပြုသောကြွေးကြော် သံ ကြီး ကား အဘယ်သို့ နည်းဟုမေး လျက် ၊ ထာဝရဘုရား ၏ သေတ္တာ တော်သည် ထိုတပ် ထဲ သို့ ရောက် ကြောင်း ကို သိ ကြ၏။