ထွက်မြောက်ရာကျမ်း 5:1
ထိုနောက်မှ ၊ မောရှေ နှင့် အာရုန် သည် ဖါရော ဘုရင်ထံသို့ ဝင် ၍ ၊ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား က၊ ငါ ၏လူ တို့သည် တော ၌ ငါ့ အဘို့ ပွဲခံ စေခြင်းငှါ လွှတ် ရမည်ဟု မိန့် တော်မူကြောင်းကို လျှောက် ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ထွက်မြောက်ရာကျမ်း 5
Cross References
Exodus 4:23ငါ့ သား သည် ငါ့ အားဝတ်ပြု သောအခွင့် ရှိစေခြင်းငှါ လွှတ် လော့။ မလွှတ်ဘူးဟု ငြင်း လျှင်၊ သင် ၏သား ၊ သင် ၏သားဦး ကိုပင် ငါ ကွပ်မျက် မည်ဟု မိန့် တော်မူကြောင်းကို ဆင့်ဆို လော့ဟု မောရှေ အား မှာ ထားတော်မူ၏။
Exodus 6:27ဣသရေလ အမျိုးသား တို့ကို အဲဂုတ္တု ပြည်မှ နှုတ်ဆောင် ခြင်းငှါ ၊ အဲဂုတ္တု ရှင်ဘုရင် ဖါရော မင်းထံ ၌ လျှောက် ရသောသူ တို့သည်၊ ထို အာရုန် နှင့် မောရှေ ဖြစ်သတည်း။
Exodus 7:16ဟေဗြဲ အမျိုးသားတို့၏ ဘုရား သခင်ထာဝရဘုရား က၊ ငါ့ လူ တို့သည်တော ၌ ငါ့ အား ဝတ်ပြု မည် အကြောင်း ၊ သူတို့ကိုလွှတ် လော့ဟု အမိန့်တော်ပါသောကျွန်ုပ် ကို ကိုယ်တော် ထံ သို့စေလွှတ် တော်မူပြီ။ ကိုယ်တော်သည် ယခု တိုင်အောင် နား မ ထောင်ဘဲနေပါသည် တကား။
Exodus 8:17အာရုန် သည် လှံတံ ကိုကိုင်လျက် လက် ကိုဆန့် ၍ မြေမှုန့် ကို ရိုက် လေ၏။ မြေမှုန့်သည်လည်း လူ ၌ ၎င်း ၊ တိရစ္ဆာန် ၌ ၎င်း ခြင် ကောင်ဖြစ် လေ၏။ အဲဂုတ္တု ပြည် တရှောက်လုံး ၌ မြေမှုန့် ရှိသမျှ သည် ခြင် ကောင်ဖြစ် လေ၏။
Exodus 9:1ထာဝရဘုရား ကလည်း ၊ သင်သည် ဖါရော ဘုရင် ထံသို့ ဝင် ၍ ငါ ၏လူ တို့သည် ငါ့ အား ဝတ်ပြု မည် အကြောင်း ၊ သူတို့ကို လွှတ် လော့။
Exodus 10:3မောရှေ နှင့် အာရုန် တို့သည်၊ ဖာရော ဘုရင်ထံ သို့ဝင် ပြီးလျှင် ၊ ဟေဗြဲ လူတို့၏ ဘုရား သခင်ထာဝရဘုရား က၊ သင်သည် ငါ့ ရှေ့မှာ ကိုယ်ကိုကိုယ်မ နှိမ့်ချ ဘဲ အဘယ်မျှ ကာလ ပတ်လုံးနေလိမ့်မည်နည်း။ ငါ ၏လူ တို့ သည် ငါ့ အား ဝတ်ပြု မည်အကြောင်း ၊ သွားရသောအခွင့် ကိုပေး လော့။