The Bible Software
bible.software › ထွက်မြောက်ရာကျမ်း › ထွက်မြောက်ရာကျမ်း 7 › ထွက်မြောက်ရာကျမ်း 7:3

ထွက်မြောက်ရာကျမ်း 7:3

ငါ သည်လည်း ဖါရော မင်း၏ နှလုံး ကို ခိုင်မာ စေ၍ ၊ အဲဂုတ္တု ပြည် ၌ ငါ ၏နိမိတ် လက္ခဏာ အံ့ဘွယ် သော အမှုတို့ကို များပြား စေမည်။

မြန်မာကျမ်းစာ

In The King James Version

And I will harden Pharaoh’s heart, and multiply my signs and my wonders in the land of Egypt.

In Context

2ငါမိန့် တော်မူသမျှ တို့ကို သင် သည် ပြန်ပြော ရမည်။ ဖါရောဘုရင်သည် ဣသရေလ အမျိုးသား တို့ကို မိမိ ပြည် မှ လွှတ် လိုက်ရမည်အကြောင်း ကို၊ သင် ၏အစ်ကို အာရုန် သည် သူ့ ထံ၌ လျှောက် ရမည်။

4သို့သော်လည်း ဖါရော မင်းသည် သင် တို့စကားကို နား မ ထောင်ဘဲနေလိမ့်မည်။ ငါသည်လည်း ငါ့ လက် ကို အဲဂုတ္တု ပြည်အပေါ် မှာတင် ၍ ကြီးစွာ သောဒဏ်ခတ် ခြင်းအားဖြင့် ငါ ၏ဗိုလ်ပါ များ၊ ငါ ၏လူ ဣသရလ အမျိုးသား တို့ကို အဲဂုတ္တု ပြည် မှ နှုတ်ဆောင် မည်။

Read all of ထွက်မြောက်ရာကျမ်း 7

Cross References

Exodus 3:20ငါ သည်လည်း လက် ကိုဆန့် ၍ ၊ အဲဂုတ္တု ပြည်ထဲ ၌ ငါပြု လတံ့သော ငါ ၏အံ့ဘွယ် သောအမှုရှိသမျှ တို့နှင့် ထို ပြည်ကို ဒဏ်ခတ် မည်။ ထိုနောက် အဲဂုတ္တုရှင်ဘုရင်သည် သင် တို့ကို လွှတ် လိမ့်မည်။

Exodus 4:21ထာဝရဘုရား ကလည်း ၊ သင် သည် အဲဂုတ္တု ပြည်သို့ သွား ၍ ရောက် လျှင် ၊ သင် ၌ ငါအပ် သော အံ့ဘွယ် သော အမှုအလုံးစုံ တို့ကို ဖါရော ဘုရင်ရှေ့ မှာ ပြ လော့။ ထိုသို့ပြသော်လည်းသူ ၏နှလုံး ကို ငါ ခိုင်မာ စေ၍၊ သူသည် ဣသရေလလူ တို့ကို မ လွှတ် ဘဲ နေလိမ့်မည်။

Exodus 9:16အကယ်စင်စစ်ငါ့ တန်ခိုး ကို သင် ၌ ငါပြ ခြင်းငှါ ၎င်း၊ ငါ့ နာမ ကို မြေကြီး တပြင်လုံး တွင် ကျော်စော စေ ခြင်းငှါ ၎င်း၊ သင့် ကို ငါချီးမြှောက် ခဲ့ပြီ။

Deuteronomy 4:34သင် တို့၏ ဘုရားသခင် ထာဝရဘုရား သည်၊ အဲဂုတ္တု ပြည်မှာ သင် တို့မျက်မှောက် ၌ ပြု တော်မူသကဲ့သို့ ၊ စုံစမ်း ခြင်းနိမိတ် လက္ခဏာနှင့် အံ့ဘွယ် သောအမှုတို့ကို ပြခြင်း၊ စစ်မှု ကိုရောက်စေခြင်း၊ အားကြီး သော လက်ရုံး တော်ကို ဆန့် ခြင်း၊ ကြောက်မက် ဘွယ်သော ရူပါရုံတို့ကို ပြခြင်းအားဖြင့်၊ အခြား တပါးသော ဘုရား သည် သွား ၍ လူ တမျိုးထဲက တမျိုးကို မိမိ အဘို့ နှုတ်ယူ ဘူးသလော။

Nehemiah 9:10ဖာရော ဘုရင်နှင့် သူ ၏ကျွန် များ၊ ပြည်သူ ပြည်သားအပေါင်း တို့သည် အကျွန်ုပ်တို့၏ ဘိုးဘေးတို့ကို စော်ကား စွာပြုသောကြောင့် ၊ ကိုယ်တော်သည် ကြည့်ရှု၍ နေတော်မမူ။ ထိုပြည်သားတို့၌ နိမိတ် လက္ခဏာနှင့် အံ့ဘွယ် သောအမှုတို့ကို ပြ တော်မူ၍ ၊ သိတင်းတော်သည် ယနေ့ တိုင်အောင် ကျော်စောလျက်ရှိပါ၏။

Psalms 78:43အဲဂုတ္တု ပြည်၌ လက္ခဏာ သက်သေတော်တို့ကို၎င်း၊ ဇောန အရပ် ၌ အံ့ဘွယ် သော အမှုတို့ကို၎င်း ၊ ပြု တော်မူ၏။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ထွက်မြောက်ရာကျမ်း 7:3

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ထွက်မြောက်ရာကျမ်း 7:2ထွက်မြောက်ရာကျမ်း 7ထွက်မြောက်ရာကျမ်း 7:4 →