ထွက်မြောက်ရာကျမ်း 8:14
အသေကောင် တို့ကို စုပုံ ၍ထားသဖြင့် တပြည် လုံး နံ လေ၏။
မြန်မာကျမ်းစာ
In The King James Version
And they gathered them together upon heaps: and the land stank.
In Context
Read all of ထွက်မြောက်ရာကျမ်း 8
Cross References
Exodus 7:21မြစ် ၌ ရှိသောငါး တို့သည်လည်း သေ ကြ၍ ၊ မြစ် ရေနံ သောကြောင့် ၊ အဲဂုတ္တု လူတို့သည် မြစ် ရေ ကို မ သောက် နိုင် ကြ။ အဲဂုတ္တု ပြည် တရှောက်လုံး ၌ အသွေး နှံ့ပြားလျက် ရှိ လေ၏။
Exodus 9:11ဝိဇ္ဇာဆရာ တို့သည် အနာဆိုး ကြောင့် ၊ မောရှေ ရှေ့ ၌မ ရပ် မနေနိုင်။ ထိုအနာဆိုး သည် ဝိဇ္ဇာဆရာ တို့၌ ၎င်း ၊ အဲဂုတ္တု လူအပေါင်း တို့၌ ၎င်း စွဲ သတည်း။
1 Kings 18:29မွန်းလွှဲ ၍ ညဦးယံယဇ် ပူဇော် ချိန်တိုင်အောင် ပရောဖက် ပြုကြသော်လည်း ၊ ဗျာဒိတ် သံမ ရှိ။ ထူး သောသူ၊ အမှု ထားသောသူလည်း မ ရှိသောအခါ၊
Isaiah 34:2ထာဝရဘုရား ၏ အမျက် တော်သည် လူမျိုး အပေါင်း တို့၌ ထွက်၍ ၊ ပြင်းစွာသောအမျက် တော်သည် သူ တို့ အလုံး အရင်းအပေါ် မှာ သင့်ရောက်လေ၏။ သူ တို့ကို ရှင်းရှင်းဖျက်ဆီး ၍၊ အသေ သတ်ခြင်း၌ အပ် လိုက်တော်မူ ၏။
Joel 2:20မြောက် မျက်နှာတပ်သားတို့ကို သင် တို့နေရာ မှ ငါပယ် ရှားမည်။ အဘယ်သူ မျှမရှိ၊ သွေ့ခြောက် သော အရပ် သို့ နှင် ထုတ်မည်။ အရှေ့ ပင်လယ် ကို မျက်နှာ ပြု လျက် ၊ အနောက် ပင်လယ် ကို ကျောခိုင်း လျက် ချီ သွားလိမ့်မည် ။ ပုပ်စပ်နံစော်သော အနံ့ ထွက် လိမ့်မည်။ ထာဝရဘုရား သည် ကြီး သော အမှုတို့ကို ပြု တော်မူမည်ဟု မိန့် တော်မူလိမ့်မည်။