Joel 2:20
မြောက် မျက်နှာတပ်သားတို့ကို သင် တို့နေရာ မှ ငါပယ် ရှားမည်။ အဘယ်သူ မျှမရှိ၊ သွေ့ခြောက် သော အရပ် သို့ နှင် ထုတ်မည်။ အရှေ့ ပင်လယ် ကို မျက်နှာ ပြု လျက် ၊ အနောက် ပင်လယ် ကို ကျောခိုင်း လျက် ချီ သွားလိမ့်မည် ။ ပုပ်စပ်နံစော်သော အနံ့ ထွက် လိမ့်မည်။ ထာဝရဘုရား သည် ကြီး သော အမှုတို့ကို ပြု တော်မူမည်ဟု မိန့် တော်မူလိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Exodus 10:19ထာဝရဘုရား သည် အားကြီး သော အနောက် လေ ကို လွှတ် တော်မူသဖြင့် ၊ ထိုလေသည် ကျိုင်း တို့ကို ဆောင်သွား ၍ ဧဒုံ ပင်လယ် ၌ ချ ပစ်လေ၏။ အဲဂုတ္တု ပြည် တရှောက်လုံး ၌ ကျိုင်း တကောင် မျှ မ ကျန်ရစ်။
2 Kings 8:13ဟာဇေလ က၊ ကိုယ်တော် ကျွန် သည် ခွေး ဖြစ်လျက် နှင့် ဤ မျှလောက်ကြီး သော အမှု ကို ပြု ရပါလိမ့်မည် လောဟု မေး ပြန်သော်၊ ဧလိရှဲ က၊ သင် သည် ရှုရိ နိုင်ငံကို စိုးစံ ရလိမ့်မည်အကြောင်းကို ထာဝရဘုရား သည် ငါ့ အား ပြ တော်မူပြီဟုဆို ၏
Isaiah 34:3သူ တို့တွင် အသေခံရသောသူတို့ ကို ပြင်သို့ ပစ် လိုက်သဖြင့် ၊ အသေ ကောင်တို့သည် နံစော် ၍ ၊ သူ တို့၏ အသွေး ဖြင့် တောင် တို့သည် အရည် ဖြစ်ကြလိမ့်မည်။
Ezekiel 39:12ဣသရေလ အမျိုးသား တို့သည် ပြည် ကို သန့်ရှင်း စေခြင်းငှါ ခုနစ် နှစ် ပတ်လုံးမြေ ၌မြှုပ်ကြ လိမ့်မည်။
Ezekiel 47:18အရှေ့ ဘက် အပိုင်းအခြားသည် ဟောရန် မြို့၊ ဒမာသက် မြို့၊ ဂိလဒ် ပြည်၊ ယော်ဒန် မြစ်နား ဣသရေလ ပြည်နယ် ကိုရှောက်၍၊ အရှေ့ ပင်လယ် ၌ ဆုံးရမည်။ ဤရွေ့ကား၊ အရှေ့ ဘက် အပိုင်းအခြားဖြစ်သတည်း။
Joel 2:2မိုက်မဲ သောနေ့ ၊ မိုဃ်း အုံ့၍ မှောင်မိုက် ထူထပ် သောနေ့ ဖြစ်၏။ နေအာရုန် သည် တောင် ထိပ်တို့ကို နှံ့ပြား သကဲ့သို့ ၊ အများ ဖြစ်၍အားကြီး သော အမျိုး သည် လာ၏။ ရှေး ကာလ ၌ ထိုသို့ မ ဖြစ် စဖူး။ နောင် ကာလ အစဉ်အဆက်၌လည်း မ ဖြစ် ရ လတံ့။