ထွက်မြောက်ရာကျမ်း 8:16
တဖန် ထာဝရဘုရား သည် မောရှေ အား မိန့် တော်မူသည်ကား၊ အဲဂုတ္တု ပြည် တရှောက်လုံး ၌ ရှိသောမြေမှုန့်သည် ခြင် ကောင်ဖြစ် စေခြင်းငှါ ၊ အာရုန် သည် လှံတံ ကိုကိုင်လျက် လက်ကိုဆန့် ၍၊ မြေမှုန့် ကို ရိုက် စေ ခြင်းငှါ ပြော လော့ဟု မိန့်တော်မူသည်အတိုင်း၊
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ထွက်မြောက်ရာကျမ်း 8
Cross References
Exodus 4:23ငါ့ သား သည် ငါ့ အားဝတ်ပြု သောအခွင့် ရှိစေခြင်းငှါ လွှတ် လော့။ မလွှတ်ဘူးဟု ငြင်း လျှင်၊ သင် ၏သား ၊ သင် ၏သားဦး ကိုပင် ငါ ကွပ်မျက် မည်ဟု မိန့် တော်မူကြောင်းကို ဆင့်ဆို လော့ဟု မောရှေ အား မှာ ထားတော်မူ၏။
Exodus 8:5တဖန် ထာဝရဘုရား သည် မောရှေ အား မိန့်တော်မူပြန်သည်ကား၊ အာရုန် သည် ချောင်း ရေ၊ မြစ် ရေ၊ အိုင် အင်းရေတို့အပေါ်၌ လှံတံ ကို ကိုင်လျက်၊ လက် ကို ဆန့် ၍ အဲဂုတ္တု ပြည် အပေါ်သို့ ဘား များကို တက် စေ ခြင်းငှါ ပြော လော့ဟု မိန့် တော်မူ၏။
Psalms 105:31အမိန့် တော်ရှိ၍ ယင်ရဲ နှင့်ခြင် တို့သည် တပြည်လုံး ကို နှံ့ပြား ကြ၏။