ထွက်မြောက်ရာကျမ်း 4:23
ငါ့ သား သည် ငါ့ အားဝတ်ပြု သောအခွင့် ရှိစေခြင်းငှါ လွှတ် လော့။ မလွှတ်ဘူးဟု ငြင်း လျှင်၊ သင် ၏သား ၊ သင် ၏သားဦး ကိုပင် ငါ ကွပ်မျက် မည်ဟု မိန့် တော်မူကြောင်းကို ဆင့်ဆို လော့ဟု မောရှေ အား မှာ ထားတော်မူ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
22ဖါရော ဘုရင်ကို လည်း ထာဝရဘုရား က ဣသရေလ သည် ငါ့ သား ဖြစ်၏။ ငါ့ သားဦး ဖြစ်၏။
24ခရီး သွား စဉ်တွင် ၊ စားခန်း စရပ်၌ ထာဝရဘုရား သည် မောရှေ ကိုတွေ့ ၍ ကွပ်မျက် ခြင်းငှါရှာကြံ တော်မူ ၏။
Read all of ထွက်မြောက်ရာကျမ်း 4
Cross References
Exodus 5:1ထိုနောက်မှ ၊ မောရှေ နှင့် အာရုန် သည် ဖါရော ဘုရင်ထံသို့ ဝင် ၍ ၊ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား က၊ ငါ ၏လူ တို့သည် တော ၌ ငါ့ အဘို့ ပွဲခံ စေခြင်းငှါ လွှတ် ရမည်ဟု မိန့် တော်မူကြောင်းကို လျှောက် ၏။
Exodus 8:16တဖန် ထာဝရဘုရား သည် မောရှေ အား မိန့် တော်မူသည်ကား၊ အဲဂုတ္တု ပြည် တရှောက်လုံး ၌ ရှိသောမြေမှုန့်သည် ခြင် ကောင်ဖြစ် စေခြင်းငှါ ၊ အာရုန် သည် လှံတံ ကိုကိုင်လျက် လက်ကိုဆန့် ၍၊ မြေမှုန့် ကို ရိုက် စေ ခြင်းငှါ ပြော လော့ဟု မိန့်တော်မူသည်အတိုင်း၊
Exodus 9:1ထာဝရဘုရား ကလည်း ၊ သင်သည် ဖါရော ဘုရင် ထံသို့ ဝင် ၍ ငါ ၏လူ တို့သည် ငါ့ အား ဝတ်ပြု မည် အကြောင်း ၊ သူတို့ကို လွှတ် လော့။
Exodus 10:3မောရှေ နှင့် အာရုန် တို့သည်၊ ဖာရော ဘုရင်ထံ သို့ဝင် ပြီးလျှင် ၊ ဟေဗြဲ လူတို့၏ ဘုရား သခင်ထာဝရဘုရား က၊ သင်သည် ငါ့ ရှေ့မှာ ကိုယ်ကိုကိုယ်မ နှိမ့်ချ ဘဲ အဘယ်မျှ ကာလ ပတ်လုံးနေလိမ့်မည်နည်း။ ငါ ၏လူ တို့ သည် ငါ့ အား ဝတ်ပြု မည်အကြောင်း ၊ သွားရသောအခွင့် ကိုပေး လော့။
Exodus 11:5နန်း ထိုင် သော ဖာရော ဘုရင်၏ သားဦး မှစ၍ ၊ ကြိတ်ဆုံ နောက်၌ ထိုင်သော ကျွန်မ ၏သားဦး တိုင်အောင် ၊ အဲဂုတ္တု ပြည် ၌ ရှိသမျှ သော သားဦး တို့နှင့် တိရစ္ဆာန် တို့၏ သားဦး ရှိသမျှ တို့သည် သေ ကြလိမ့်မည်။
Exodus 13:15ဖာရော ဘုရင်သည်၊ ငါ တို့ကို အလွယ်တကူမ လွှတ် ဘဲနေသောအခါ ၊ အဲဂုတ္တု ပြည် ၌ လူ ဖြစ်စေ ၊ တိရစ္ဆာန် ဖြစ်စေ၊ သားဦး အပေါင်း တို့ကို ထာဝရဘုရား ကွပ်မျက် တော်မူ၏။ ထိုကြောင့် အဦး ဘွားသော တိရစ္ဆာန် အထီး ရှိသမျှ တို့ကို ထာဝရဘုရား အား ယဇ်ပူဇော် ရမည်။ ကိုယ် သား တို့တွင် သားဦး ကို ရွေး ရမည်ဟု ပြန်ဆို ရမည်။