ယေဇကျေလအနာဂတ္တိကျမ်း 13:2
အချင်းလူသား ၊ ကိုယ်အလိုအလျောက်ပရောဖက် ပြု၍ ဟောပြောတတ်သော ဣသရေလ အမျိုး ပရောဖက် တို့တဘက် ၌ ဟောပြော လော့။ ထာဝရဘုရား ၏ အမိန့် တော်ကိုနားထောင် ကြဟု သူ တို့အား ပြော လော့။
မြန်မာကျမ်းစာ
In The King James Version
In Context
1တဖန် ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ငါ့ ဆီသို့ ရောက် လာ၍၊
Read all of ယေဇကျေလအနာဂတ္တိကျမ်း 13
Cross References
1 Kings 22:19မိက္ခါကလည်း၊ သို့ဖြစ်၍ ထာဝရဘုရား ၏ အမိန့် တော်ကို နားထောင် ပါ။ ထာဝရဘုရား သည် ပလ္လင် တော်ပေါ် မှာ ထိုင် တော်မူသည်ကို၎င်း ၊ ကောင်းကင် ဗိုလ်ခြေ အပေါင်း တို့သည် လက်ျာ တော်ဘက် လက်ဝဲ တော်ဘက် ၌ ရပ် နေကြသည်ကို၎င်းငါမြင် ပြီ။
Isaiah 1:10သောဒုံ မြို့ကို အစိုးရသောမင်း တို့၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော်ကို ကြား ကြလော့။ ဂေါမောရ မြို့သား တို့၊ ငါ တို့ဘုရား သခင်၏ တရား တော်ကို နားထောင် ကြလော့။
Isaiah 28:14သို့ဖြစ်၍၊ ဆဲရေး တတ်သော ယေရုရှလင် မြို့ သား အကြီး အကြပ်တို့၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော် ကို နားထောင် ကြလော့။
Jeremiah 5:31ပရောဖက် တို့သည် မဟုတ် မမှန်ဟော ပြောကြ ၏။ ယဇ် ပုရောဟိတ်တို့သည် ဝန်ခံ၍ အစိုးရ ကြ၏။ ထို သို့သောအမှုကို ငါ ၏လူ တို့သည် နှစ်သက် ကြ၏။ ထို အမှုဆုံး သောအခါ သင်တို့သည် အဘယ် သို့ပြု ကြလိမ့်မည်နည်း။
Jeremiah 8:10ထိုအကြောင်းကြောင့်၊ သူ တို့မယား များကို သူတပါး တို့၌ ငါအပ် မည်။ သူ တို့လယ်ယာ များကို သူတပါးတို့အား အပိုင် ပေးမည်။ အငယ်ဆုံး သောသူမှစ၍ အကြီးဆုံး သောသူ အပေါင်း တို့သည် မတရားသော စီးပွား ကို ရှာကြ၏။ ပရောဖက် မှ စ၍ ယဇ် ပုရောဟိတ်ရှိသမျှ တို့သည် မုသာ ကို သုံး ကြ၏။
Jeremiah 14:14ထာဝရဘုရား က၊ ထိုပရောဖက် တို့သည် ငါ ၏ နာမ ကိုအမှီပြု ၍ မုသာ ကို ဟော တတ်ကြ၏။ သူ တို့ကို ငါမ စေလွှတ် ၊ မ မှာ ထား၊ ဗျာဒိတ် မ ပေး။ သူတို့ ဟောပြော ချက်တို့သည် မျက်စိကို လှည့် ခြင်း၊ နတ် ပူးခြင်း၊ အချည်းနှီး ကြံစည်ခြင်း၊ မိမိ ဉာဏ် အတိုင်း လှည့်စား ခြင်း သက်သက်ဖြစ်ကြ၏။