Isaiah 1:10
သောဒုံ မြို့ကို အစိုးရသောမင်း တို့၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော်ကို ကြား ကြလော့။ ဂေါမောရ မြို့သား တို့၊ ငါ တို့ဘုရား သခင်၏ တရား တော်ကို နားထောင် ကြလော့။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Genesis 13:13သောဒုံ မြို့သား တို့သည် ဆိုး သောသူ၊ ထာဝရဘုရား ရှေ့ ၌၊ အလွန် အပြစ် များသောသူဖြစ် ကြသတည်း။
1 Kings 22:19မိက္ခါကလည်း၊ သို့ဖြစ်၍ ထာဝရဘုရား ၏ အမိန့် တော်ကို နားထောင် ပါ။ ထာဝရဘုရား သည် ပလ္လင် တော်ပေါ် မှာ ထိုင် တော်မူသည်ကို၎င်း ၊ ကောင်းကင် ဗိုလ်ခြေ အပေါင်း တို့သည် လက်ျာ တော်ဘက် လက်ဝဲ တော်ဘက် ၌ ရပ် နေကြသည်ကို၎င်းငါမြင် ပြီ။
Isaiah 8:20တရား တော်ကို၎င်း၊ သက်သေခံ တော်မူချက်ကို ၎င်း နားထောင် ကြကုန်။ သူတို့ ပြော သော စကားသည် နှုတ်ကပတ် တော်နှင့် မ ညီ လျှင် ၊ သူ တို့၌ အာရုဏ် မ တက် သေး။
Jeremiah 9:26အဲဂုတ္တု လူ၊ ယုဒ လူ၊ ဧဒုံ လူ၊ အမ္မုန် အမျိုးသား ၊ မောဘ အမျိုးသား၊ ပါးမုန်း ကိုရိတ် တတ်သော လူမျိုး၊ တော ၌ နေ သောသူအပေါင်း တို့ကို ငါဆုံးမ ရသော အချိန် ကာလ ရောက် လိမ့်မည်။ တပါးအမျိုးသား အပေါင်း တို့သည် အရေဖျား လှီးခြင်းကို မခံသောသူဖြစ်ကြ၏။ ဣသရေလ အမျိုးသား အပေါင်း တို့သည်လည်း ၊ စိတ်နှလုံး အားဖြင့်အရေဖျား လှီးခြင်းကို မခံသောသူဖြစ်ကြ၏။
Ezekiel 16:35သို့ဖြစ်၍ ၊ အိုပြည်တန်ဆာ မိန်းမ၊ ထာဝရဘုရား ၏အမိန့် တော်ကို နားထောင် လော့။
Ezekiel 16:49သင့် ညီမ သောဒုံ ၏ အပြစ် ဟူမူကား ၊ သူ နှင့် သူ့ သမီး တို့သည် မာန ကြီးခြင်း၊ ဝ စွာစားသောက်ခြင်း၊ ငြိမ်ဝပ် စွာကောင်းစားခြင်းရှိ ၍ ၊ ဆင်းရဲ ငတ်မွတ် သောသူတို့ ကို မ ထောက်ပံ့ ဘဲ နေကြ၏။