ယေဇကျေလအနာဂတ္တိကျမ်း 16:40
လူအလုံးအရင်းကိုလည်း ခေါ်သဖြင့်၊ သူတို့ သည် ခဲနှင့်ပစ်၍၊ ထားနှင့်ခုတ်ကြလိမ့်မည်။
1835 Judson Burmese Bible
In The King James Version
In Context
Read all of ယေဇကျေလအနာဂတ္တိကျမ်း 16
Cross References
2 Chronicles 36:17ခါလဒဲရှင်ဘုရင်ကို စစ်ချီစေတော်မူ၏။ ထိုရှင်ဘုရင်သည် သန့်ရှင်းရာဌာန အိမ်တော်၌ လူပျိုတို့ ကို ထားနှင့်သတ်၏။ ယောက်ျားပျို၊ မိန်းမပျို၊ လူအို၊ အသက်ကြီး၍ ကျောကုန်းသော သူတို့ကိုပင် မသနား၊ ရှိသမျှတို့ကို ထိုရှင်ဘုရင် လက်သို့အပ်တော်မူ၏။
Ezekiel 23:10သူတို့သည် အဝတ်ကို ချွတ်ကြ၏။ သူ၏ သားသမီးတို့ကို သိမ်းသွား၍၊ သူ့ကိုထားနှင့် ကွပ်မျက်ကြ ၏။ ထိုသို့အပြစ်စီရင်ခြင်းကို ခံရသောအားဖြင့်၊ မိန်းမ တကာတို့တွင် ကျော်စောသောမိန်းမဖြစ်လေ၏။
Ezekiel 23:47ထိုအလုံးအရင်းသည် မိန်းမတို့ကိုခဲနှင့် ပစ်၍၊ ထားနှင့်ခုတ်ကြလိမ့်မည်။ သားသမီးတို့ကိုသတ်၍ အိမ် တို့ကိုလည်း မီးရှို့ကြလိမ့်မည်။
Habakkuk 1:6ပြင်းထန်လျင်မြန်သော ခါလဒဲအမျိုးကို ငါနှိုး ဆော်၏။ ကိုယ်မပိုင်သော နေရာအရပ်တို့ကို သိမ်းယူ ခြင်းငှါ မြေတပြင်လုံး၌ ချီသွားကြလိမ့်မည်။