ယေဇကျေလအနာဂတ္တိကျမ်း 21:23
သို့ရာတွင် ၊ ရှင်ဘုရင်ထံ၌ သစ္စာခံ သောသူတို့ သည် ထိုဗေဒင်တွက်ခြင်းကို အချည်းနှီး သော ဗေဒင် တွက်ခြင်းကဲ့သို့ မှတ် ကြလိမ့်မည်။ ရှင်ဘုရင်မူကား ၊ သူတို့ ကို ဘမ်းမိ လိုသောငှါ ၊ သူတို့ပြစ်မှားသော အပြစ် ကို အောက်မေ့ လိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ယေဇကျေလအနာဂတ္တိကျမ်း 21
Cross References
1 Kings 17:18မိန်းမကလည်း၊ အို ဘုရားသခင် ၏လူ ၊ ကိုယ်တော် သည် ကျွန်မ နှင့် အဘယ်သို့ ဆိုင်သနည်း။ ကျွန်မ အပြစ် တို့ကို အောက်မေ့ စေ၍ ၊ ကျွန်မ သား ကိုသတ် အံ့သောငှါ ကျွန်မ ဆီသို့ ကြွ လာတော်မူသလောဟု ဧလိယ အား ဆို သော်၊
2 Chronicles 36:13ဘုရားသခင် အကျိန် တိုက်ပြီးသော နေဗုခဒ်နေဇာ မင်းကြီး ကို ပုန်ကန် လေ၏။ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား ထံ တော်သို့ မပြန် မည် အကြောင်း ၊ မိမိ လည်ပင်း ကို၎င်း ၊ မိမိ နှလုံး ကို၎င်း ခိုင်မာ စေ၏။
Jeremiah 52:3ထာဝရဘုရား သည် ယုဒ ပြည်သူ၊ ယေရုရှလင် မြို့သားတို့ကို အထံ တော်မှ မ နှင်ထုတ် မှီတိုင်အောင်အမျက်ထွက် တော်မူ၍၊ ဇေဒကိ မင်းသည် ဗာဗုလုန် ရှင်ဘုရင် ကို ပုန်ကန် လေ၏။
Ezekiel 12:22အချင်းလူသား ၊ နေ့ရက်ကာလရွေ့လျက်ရှိ၍၊ ခပ်သိမ်းသော ဗျာဒိတ်ရူပါရုံလည်း ပျက်ကြပြီဟု၊ ဣသရေလ ပြည် ၌ သုံး တတ်သော စကားပုံ ကား အဘယ် သို့နည်း။
Ezekiel 21:24သို့ဖြစ်၍ ၊ အရှင် ထာဝရဘုရား မိန့် တော်မူသည် ကား၊ သင် တို့ပြု လေသမျှ တို့၌ အပြစ် ထင်ရှား သည် တိုင်အောင်၊ သင် တို့သည် မိမိ တို့ဒုစရိုက် အပြစ်ကို သူတပါးအောက်မေ့ စေ၍၊ မိမိ တို့ လွန်ကျူး ခြင်း အမှုများ ကို ဘော်ပြ လျက်၊ မိမိ တို့ကို သူတပါး အောက်မေ့ စေသောကြောင့် ၊ ထိုရှင်ဘုရင်လက် သို့ ရောက် ရကြလိမ့်မည်။
Revelation 16:19လျှပ်စစ် ပြက်ခြင်း၊ အသံမြည် ခြင်း၊ မိုဃ်းချူန်း ခြင်း၊ ကြီးစွာ သော မြေလှုပ် ခြင်းဖြစ် ကြ၏။ မြေကြီး အပေါ်မှာ လူတို့ ဖြစ် သည့် ကာလ မှစ၍ ထိုသို့သော လက္ခဏာနှင့် ထိုမျှလောက်ပြင်းထန် စွာသော မြေလှုပ် ခြင်းသည်မ ဖြစ် စဖူး။