ယေဇကျေလအနာဂတ္တိကျမ်း 21:31
သင့် အပေါ်သို့ ငါ့ အမျက် ကို ငါသွန်းလောင်း မည်။ ငါ့ ဒေါသ မီး ဖြင့် သင့် ကို မှုတ် မည်။ ကြမ်းတမ်းသော သဘောရှိ၍ ဖျက်ဆီး တတ်သော လူ တို့လက် သို့ အပ် မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ယေဇကျေလအနာဂတ္တိကျမ်း 21
Cross References
Psalms 18:15ထိုအခါ အိုထာဝရဘုရား ၊ ကိုယ်တော် သည် အပြစ်တင် ၍ နှာခေါင်း တော်ထဲက အသက် ရှု တော်မူသောအားဖြင့် ၊ သမုဒ္ဒရာ အောက် ပြင်နှင့် လောက တိုက် မြစ် တို့သည်ပွင့် လစ် ထင် ပေါ်လျက်ရှိကြ၏။
Isaiah 14:4သင်သည် ဗာဗုလုန် ရှင်ဘုရင် ကို ရည်ဆောင်၍ ၊ ပုံ စကားကို ဤ သို့မြွက် ဆိုလိမ့်မည်။ အစိုး တရပြုသောသူသည် ဆုံး လေပြီတကား။ ရွှေမြို့တော်သည် ဆုံးလေ ပြီတကား။
Isaiah 37:7ထိုမင်း ၌ အခြားသောစိတ် သဘောကို ငါ သွင်း ပေးမည်။ သူသည် သိတင်း ကြား ၍ မိမိ ပြည် သို့ ပြန် သွား လိမ့်မည်။ ထိုပြည် ၌ ထား ဖြင့် ငါဆုံး စေမည်ဟူသောစကား တော်ကို သင် တို့၏ သခင် အား ပြန် ကြားကြလော့ဟု ပြော ဆို၏။
Jeremiah 4:7ခြင်္သေ့ သည် မိမိ နေရာခြုံ ထဲက ထွက် လာပြီ။ တိုင်း နိုင်ငံတို့ကို ဖျက်ဆီး သောသူသည် လမ်း၌လာ ဆဲ ရှိ၏။ သင် ၏ပြည် ကို လူဆိတ်ညံ ရာအရပ် ဖြစ်စေခြင်းငှါ ၊ သူသည် မိမိ နေရာ မှ ထွက် လာသည်ဖြစ်၍၊ သင် ၏ မြို့ တို့ သည် လူမ နေ နိုင်အောင် ပျက်စီး ခြင်းသို့ ရောက်ကြ လိမ့်မည်။
Jeremiah 51:20အိုသံတူ ကြီး၊ သင် သည် ငါ စစ်တိုက် စရာ လက်နက် ဖြစ်၏။ သင့် ကို ငါကိုင်၍ အတိုင်းတိုင်း အပြည်ပြည်တို့ကို ချိုးဖဲ့ ပြီ။
Ezekiel 14:19သို့မဟုတ် ၊ ထို ပြည် ၌ ကာလနာ ကို ငါစေလွှတ် သောကြောင့် ၊ လူ နှင့် တိရစ္ဆာန် ၏ အသက် ကို သတ်ဖြတ်ပယ်ရှင်းခြင်းငှါ ငါ ၏ ဒေါသအရှိန်ကို သွန်းလောင်း လျှင်၊