ယေဇကျေလအနာဂတ္တိကျမ်း 21:32
သင်သည်မီး မွေးဘို့ ထင်း ဖြစ် ရလိမ့်မည်။ သင့် အသွေး သည် ပြည် အလယ် ၌ ရှိ ရလိမ့်မည်။ နောက်တဖန်အဘယ်သူမျှမ အောက်မေ့ ရဟု ငါ ထာဝရဘုရား မိန့် တော်မူ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ယေဇကျေလအနာဂတ္တိကျမ်း 21
Cross References
Genesis 49:10ရှိလောမရောက် မှီတိုင်အောင် ၊ ရာဇလှံတံ သည် ယုဒ ထံ မှ၎င်း၊ မင်း အာဏာသည် သူ၏အမျိုးအနွယ် ထံ မှ၎င်း မ ရွေ့ ရ။ ရှိလော ၌ လူမျိုး တို့သည် ဆည်းကပ် ကြလိမ့်မည်။
Isaiah 34:3သူ တို့တွင် အသေခံရသောသူတို့ ကို ပြင်သို့ ပစ် လိုက်သဖြင့် ၊ အသေ ကောင်တို့သည် နံစော် ၍ ၊ သူ တို့၏ အသွေး ဖြင့် တောင် တို့သည် အရည် ဖြစ်ကြလိမ့်မည်။
Ezekiel 21:30သင့်ထားကို အိမ် သို့ ပြန် စေလော့။ သင့်ကို ငါ ဖန်ဆင်း သော အရပ် ၊ မွေးဘွား ရာဌာန ၌ သင့် ကို ငါစီရင် မည်။
Micah 5:1ယခု မူကား၊ အိုဗိုလ်ခြေ သတို့သမီး ၊ စည်းဝေး ၍ ခင်းကျင်း လော့။ ငါ တို့ကို ဝိုင်း ထားကြပြီ။ ဣသရေလ မင်း ၏ ပါး ကို ကြိမ်လုံး နှင့် ရိုက် ကြပြီတကား။
Zechariah 9:9အိုဇိအုန် သတို့သမီး ၊ အလွန် ဝမ်းမြောက် လော့။ အိုယေရုရှလင် မြို့သတို့သမီး ၊ ကြွေးကြော် ကြလော့။ တရား သဖြင့် စီရင်၍ ကယ်တင် ခြင်းသို့ ရောက်သော သခင် ၊ သင် ၏အရှင် မင်းကြီးသည် မြည်းမ နှင့် မြည်း ကလေး ကို စီး ၍ နူးညံ့ သိမ်မွေ့သောစိတ် နှင့် သင် ရှိရာသို့ ကြွ လာတော်မူသည်ကို ကြည့်ရှု လော့။
Matthew 3:10သစ်ပင် အမြစ် နားမှာ ပုဆိန် ထား လျက်ရှိသည်ဖြစ်၍ ၊ ကောင်း သောအသီး မ သီး သောအပင် ရှိသမျှ တို့ကို ခုတ်လှဲ ၍ မီး ထဲသို့ ချ လိုက်ရ၏။