ယေဇကျေလအနာဂတ္တိကျမ်း 26:13
သင်ဆိုသောသီချင်းသံကို ငါငြိမ်းစေ၍၊ သင်တီး သော စောင်းသံကို နောက်တဖန် အဘယ်သူမျှမကြားရ။
1835 Judson Burmese Bible
In The King James Version
And I will cause the noise of thy songs to cease; and the sound of thy harps shall be no more heard.
In Context
Read all of ယေဇကျေလအနာဂတ္တိကျမ်း 26
Cross References
Isaiah 14:11သင်၏ ဘုန်းအသရေနှင့် သင်၏ တုရိယာမျိုး အသံဗလံတို့ကို မရဏနိုင်ငံတွင် ရှုတ်ချလေပြီတကား။ သင့်အောက်၌ ပိုးကောင်များကို ခင်းလျက်၊ သင့်အပေါ်၌ တီကောင်များကို ခြုံလျက်ရှိပါသည်တကားဟု သင့်ကို နှုတ်ဆက်၍ ပြောဆိုကြလိမ့်မည်။
Isaiah 23:7ဤမြို့သည် ရှေးကာလ၌ တည်သဖြင့် သင်တို့ ရွှင်လန်းသောမြို့လော။ ဝေးသော အရပ်၌ တည်းခို ခြင်း ငှါ၊ မိမိခြေတို့သည် မိမိကိုဆောင်သွားကြ၏။
Isaiah 24:8သာယာသောပတ်သာ အသံငြိမ်းပြီ။ ဝမ်း မြောက်သောသူ၏ အသံမရှိ။ သာယာသောစောင်းသံ လည်း ငြိမ်းပြီ။
Jeremiah 16:9ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဤအရပ်၌ ဝမ်းမြောက်သောအသံ၊ ရွှင်လန်းသောအသံ၊ မင်္ဂလာဆောင် သတို့သားအသံ၊ မင်္ဂလာဆောင် သတို့ သမီးအသံကို သင်တို့လက်ထက်၊ သင်တို့မျက်မှောက်တွင် ငါစဲစေမည်။
Ezekiel 28:13ဧဒင် အရပ်၊ ဘုရားသခင်၏ ဥယျာဉ်တော်၌ နေပြီ။ သင်၏ခေါင်းပေါ်မှာ ကျောက်နီ၊ ဥဿဖရား၊ စိန်၊ မျက်ရွဲ၊ ကြောင်၊ နဂါးသွ့၊ နီလာ၊ မြ၊ ပတ္တမြား အစရှိသော ကျောက်မြတ် အမျိုးမျိုးတို့ကို ဆောင်လေ၏။ ရွှေဖြင့် လုပ်သော ပတ်သာ၊ ပုလွေတို့သည်လည်း၊ သင်ဘွားသော နေ့၌ပင် သင့်အဘို့ ပြင်ဆင်လျက်ရှိကြ၏။
Amos 6:4ဆင်စွယ်ခုတင်ပေါ်မှာ အိပ်၍ မွေ့ရာပေါ်မှာလျောင်းခြင်း၊ သိုးစုထဲက သိုးသငယ်တို့ကို၎င်း၊ နွားတင်း ကုပ်ထဲက နွားသငယ်တို့ကို၎င်း ယူ၍စားခြင်း၊