ယေဇကျေလအနာဂတ္တိကျမ်း 29:9
အဲဂုတ္တုပြည်သည် လူဆိတ်ညံလျက်၊ ပျက်စီး လျက်ရှိသောအခါ၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သိရလိမ်မည်။ သင်က၊ ငါ့မြစ်ကိုငါ ပိုင်၏။ ငါဖန်ဆင်းပြီ ဟု ဆိုမိသောကြောင့်၊
1835 Judson Burmese Bible
In The King James Version
In Context
Read all of ယေဇကျေလအနာဂတ္တိကျမ်း 29
Cross References
Proverbs 16:18မာနသည်ပျက်စီးခြင်းအရင်၊ ထောင်လွှားသော သဘောသည် ရှုတ်ချခြင်း အရင်၌ နေရာကျတတ်၏။
Proverbs 29:23မိမိမာနသည် မိမိကိုနှိမ့်ချလိမ့်မည်။ စိတ်နှိမ့်ချ သောသူမူကား၊ ဂုဏ်အသရေကိုရလိမ့်မည်။
Ezekiel 28:2အချင်းလူသား၊ အရှင်ထာဝရဘုရား၏ အမိန့် တော်ကို တုရုရှင်ဘုရင်အား ဆင့်ဆိုရမည်မှာ၊ သင်သည် ကိုယ်ကို ဘုရားသခင်ကဲ့သို့ ထင်မှတ်သော်လည်း ဘုရား သခင်မဟုတ်၊ လူသက်သက်ဖြစ်လျက်နှင့် ငါသည် ဘုရား ဖြစ်၏။ ပင်လယ်အလယ်၌ ဘုရားပလ္လင်ပေါ်မှာ ငါထိုင် သည်ဟု ဝါကြွားသောစိတ်နှင့် ဆိုသည်ဖြစ်၍၊
Ezekiel 29:10သင်နှင့်သင့်မြစ်တဘက်၌ ငါနေ၏။ အဲဂုတ္တု ပြည်ကို မိဂဒေါလမှ စ၍ သုဏေမြို့တိုင်အောင်၎င်း၊ အဲသယောပိပြည်စွန်းတိုင်အောင်၎င်း၊ ထားနှင့် ဖျက်ဆီး ၍ ဆိတ်ညံစေမည်။
Ezekiel 30:13အရှင်ထာဝရ ဘုရားမိန့်တော်မူသည်ကား၊ ရုပ်တုတို့ကို ငါဖျက်ဆီး၍၊ နောဖပြည်၌ ဆင်းတုတို့ကို လည်း ပယ်ဖြတ်မည်။ နောက်တဖန် အဲဂုတ္တုမင်းမျိုးမရှိရ။ အဲဂုတ္တုပြည်သည် ကြောက်ရွံ့မည်အကြောင်းကို ငါပြု မည်။
Amos 6:13အချည်းနှီးသောအရာ၌ ဝါကြွားဝမ်းမြောက်၍၊ ငါတို့သည် ကိုယ်အစွမ်းသတ္တိအားဖြင့် အာဏာကို သိမ်းယူပြီမဟုတ်လောဟု ဆိုတတ်ကြသည်တကား။