ယေဇကျေလအနာဂတ္တိကျမ်း 34:12
ကွဲပြားလျက်ရှိသော မိမိသိုးတို့တွင် သိုးထိန်း ရောက်သောအခါ ကြိုးစား၍ ရှာသကဲ့သို့၊ ငါသည်လည်း ငါ့သိုးတို့ကိုကြိုးစား၍ ရှာမည်။ မိုဃ်းအုံ၍မိုက်သော နေ့၌ သူတို့ကွဲပြားသော အရပ်ရပ်တို့က ငါနှုတ်ဆောင် မည်။
1835 Judson Burmese Bible
In The King James Version
In Context
11အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ ငါသည် ကိုယ်တိုင်လိုက်၍ ငါ့သိုးတို့ကိုရှာမည်။
Read all of ယေဇကျေလအနာဂတ္တိကျမ်း 34
Cross References
Isaiah 40:11မိမိသိုးစုကို သိုးထိန်းကဲ့သို့ ကျွေးမွေးတော် မူမည်။ သိုးသငယ်တို့ကို ချီ၍ ပိုက်ပွေ့တော်မူမည်။ သားငယ်ရှိသော သိုးမတို့ကိုလည်း ဖြည်းညှင်းစွာ ပို့ဆောင် တော်မူမည်။
Jeremiah 13:16မိုဃ်းမချုပ်မှီ၊ မိုက်သောတောင်ပေါ်မှာ သင်တို့ သည် ထိခိုက်၍ မလဲမှီ၊ အလင်းကို မြော်လင့်သောအခါ၊ သေမင်းအရိပ်၊ ထူထပ်သော မှောင်မိုက်ကို ဖြစ်စေတော် မမူမှီ၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရား၏ ဂုဏ်တော်ကို ချီးမွမ်းကြလော့။
Ezekiel 30:3ထိုနေ့နီးပြီ။ ထာဝရဘုရား၏နေ့၊ မိုဃ်းအုံသော နေ့၊ တပါးအမျိုးသားဘို့ ချိန်းချက်သော အချိန်နီးပြီ။
Amos 5:18ထာဝရဘုရား၏နေ့ရက်ကို တောင့်တသောသူတို့သည် အမင်္ဂလာရှိကြ၏။ သင်တို့သည် အဘယ် အကျိုးရှိကြလိမ့်မည်နည်း။ ထာဝရဘုရား၏ နေ့ရက်သည် သင်တို့၌ လင်းသည်မဟုတ်၊ အမိုက်ဖြစ်လိမ့်မည်။
Zechariah 9:16ထိုနေ့၌ သူတို့၏ဘုရားသခင် ထာဝရဘုရား သည် မိမိလူတို့ကို သိုးစုကဲ့သို့ ကယ်တင်တော်မူလိမ့်မည်။ သူတို့သည် မြေတော်၌ ထင်ရှားသော သရဖူမျက်မွန်ကဲ့သို့ ဖြစ်ကြလိမ့်မည်။
Luke 15:8တနည်းကား၊ တစုံတယောက်သောမိန်းမ၌ ငွေဆယ်ပြားရှိ၍ တပြားပျောက်လျှင်၊ ဆီမီးကိုထွန်း၍ မတွေ့မှီတိုင်အောင် တအိမ်လုံးကိုလှည်း၍ စေ့စေ့မရှာဘဲ နေမည်လော။