ယေဇကျေလအနာဂတ္တိကျမ်း 34:21
သင်တို့သည် အားနည်း သောသိုးတို့ကို အရပ်ရပ် သို့ ကွဲပြား စေခြင်းငှါနံပါး နှင့် ၎င်း ၊ ပခုံး နှင့်၎င်း တိုး ၍ ချို နှင့် ခွေ့ သောကြောင့် ၊
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ယေဇကျေလအနာဂတ္တိကျမ်း 34
Cross References
Deuteronomy 33:17သူ ၏ ဘုန်း သည် နွားလား ဥဿဘဘုန်းကဲ့သို့၎င်း၊ သူ ၏ ဦးချို တို့သည် ကြံ့ ဦးချို ကဲ့သို့၎င်း ဖြစ်ကြ၏။ ထို ဦးချိုတို့နှင့် လူ အမျိုးမျိုးတို့ကို မြေကြီး စွန်း တိုင်အောင်တပြိုင်နက် ထိုးခတ် လိမ့်မည်။ ဧဖရိမ် အမျိုးသားအသောင်း သောင်း၊ မနာရှေ အမျိုးသားအထောင် ထောင်ပေတည်း။
Daniel 8:3ငါမျှော် ကြည့်သော၊ ရှည်လျား သော ချို နှစ်ချောင်းရှိသောသိုး တကောင် သည် မြစ် တဘက် ၌ ရပ် နေ ၏။ ထိုချိုနှစ်ချောင်းသည်မညီ၊ တချောင်းသာ၍ရှည်၏။ သာ၍ရှည်သောချိုသည် နောက် ပေါက် သတည်း။
Micah 7:3ဒုစရိုက် ကို ကြိုးစား၍ပြု ခြင်းငှါ အသင့်ရှိကြ၏။ မင်း သည် လက်ဆောင်ကို တောင်း တတ်၏။ တရားသူကြီး သည် တံစိုး ကို စားတတ်၏။ သူတပါးထက်ကြီး သော သူသည် မတရားသော လောဘ ကို ထင်ရှား စေတတ်၏။ ထိုသို့အမှု ကို ရှုပ် စေခြင်းငှါပြုတတ်ကြ၏။
Zechariah 11:16အကြောင်း မူကား၊ ဤပြည် ၌ သိုးထိန်း တဦးကို ငါ ပေါ်ထွန်း စေမည်။ သူသည် အသတ် ခံရသောအကောင်ကို မ ကြည့် မရှု၊ လမ်းလွဲသောအကောင် ကို မ ရှာ ၊ နာ သော အကောင်ကို အနာ ပျောက်စေခြင်းငှါမ ပြု၊ ရပ် နေသောအကောင်ကို မ မစ ၊ ဆူ သောအကောင် တို့ကို စား လိမ့်မည်။ သူ တို့ ခွာ ကိုလည်း ချိုးဖဲ့ လိမ့်မည်။