The Bible Software
bible.software › ယေဇကျေလအနာဂတ္တိကျမ်း › ယေဇကျေလအနာဂတ္တိကျမ်း 39 › ယေဇကျေလအနာဂတ္တိကျမ်း 39:7

ယေဇကျေလအနာဂတ္တိကျမ်း 39:7

ထိုသို့ငါ၏ နာမမြတ်ကိုငါ၏ လူဣသရေလ အမျိုးသားတို့တွင် ထင်ရှားစေမည်။ နောက်တဖန်သူတို့ သည် ငါ၏နာမမြတ်ကိုမရှုတ်ချရကြ။ ငါသည်ဣသရေလ အမျိုး၏ သန့်ရှင်းသောဘုရား၊ ထာဝရဘုရားဖြစ်ကြောင်း ကို တပါးအမျိုးသားတို့သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။

1835 Judson Burmese Bible

In The King James Version

So will I make my holy name known in the midst of my people Israel; and I will not let them pollute my holy name any more: and the heathen shall know that I am the LORD, the Holy One in Israel.

In Context

6မာဂေါဂပြည်နှင့် ပင်လယ်ကမ်းနားမှာ ငြိမ်ဝပ် စွာနေသော သူတို့အပေါ်သို့ မီးကိုငါလွှတ်လိုက်၍၊ ငါသည်ထာဝရဘုရားဖြစ်ကြောင်းကို သိရကြလိမ့်မည်။

8တဖန်အရှင်ထာဝရဘုရား မိန့်တော်မူသည် ကား၊ အမှုရောက်လေပြီ။ ပြည့်စုံလေပြီ။ ယခုနေ့ရက် သည် ငါမိန့်မြွက်နှင့်ပြီးသော နေ့ရက်ဖြစ်၏။

Read all of ယေဇကျေလအနာဂတ္တိကျမ်း 39

Cross References

Exodus 20:7သင်၏ဘုရားသခင် ထာဝရဘုရား၏ နာမတော်ကို မုသာနှင့်ဆိုင်၍ မမြွက်မဆိုနှင့်။ အကြောင်းမူကား၊ နာမတော်ကို မုသာနှင့်ဆိုင်၍ မြွက်ဆိုသောသူကို အပြစ်မရှိဟု ထာဝရဘုရား မှတ်တော်မမူ။

Isaiah 12:6အိုဇအုန် သတို့သမီး၊ ကြွေးကြော်လော့။ ဝမ်းမြောက်သဖြင့် အော်ဟစ်လော့။ အကြောင်းမူကား၊ ဣသရေလအမျိုး၏ သန့်ရှင်းသောဘုရားသည် သင်၏ အလယ်၌ ဘုန်းကြီးတော်မူ၏ဟု မြွက်ဆိုရလိမ့်မည်။

Isaiah 43:14သင်တို့ကို ရွေးနှုတ်သော သခင်၊ ဣသရေလ အမျိုး၏ သန့်ရှင်းသော ထာဝရဘုရား မိန့်တော်မူသည် ကား၊ ငါသည် သင်တို့အတွက်၊ ဗာဗုလုန်မြို့သို့ စေလွှတ် ၍၊ ပြေးသော မြို့သားတို့နှင့် ခါလဒဲလူများကို သူတို့ ပျော်မွေ့ရာ သင်္ဘောသို့ ဆင်းစေမည်။

Isaiah 60:9အကယ်စင်စစ် သင်၏ဘုရားသခင် ထာဝရ ဘုရား၏ နာမတော်ကြောင့်၎င်း၊ သင်၏ဘုန်းကိုပွင့်စေ သော၊ ဣသရေလအမျိုး၏သန့်ရှင်းသော ဘုရားကြောင့် ၎င်း၊ သင်၏သားတို့နှင့်တကွ သူတို့ရွှေငွေများကို အဝေး မှ ဆောင်ခဲ့ခြင်းငှါ၊ တကျွန်းတနိုင်ငံသားတို့သည် ငါ့ကို စောင့်နေ၍၊ တာရှုသင်္ဘောတို့သည် အဦးပြုကြလိမ့်မည်။

Ezekiel 20:9သို့ရာတွင်၊ သူတို့နေသော တပါးအမျိုးသားတို့ ရှေ့မှာ၊ ငါ၏နာမအသရေကို မပျက်စေခြင်းငှါ၊ ငါသည် နာမတော်အတွက်စီရင်၍၊ တပါးအမျိုးသားတို့ရှေ့မှာ ထင်ရှားလျက်၊ သူတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်လေ ၏။

Ezekiel 20:39အိုဣသရေလအမျိုးသားတို့၊ အရှင်ထာဝရ ဘုရား မိန့်တော်မူသည်ကား၊ သွားကြလော့။ အသီး အသီးမိမိတို့ ရုပ်တုမျာကို ဝတ်ပြုကြလော့။ သို့ရာတွင် အကယ်စင်စစ် နောက်တဖန်ငါ့စကားကို သော်လည်း၊ ငါ၏သန့်ရှင်းသောနာမတော်ကို သင်တို့ပူဇော်သက္ကာ များနှင့် ရုပ်တုများအားဖြင့် မရှုတ်ချဘဲနေရကြလိမ့်မည်။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ယေဇကျေလအနာဂတ္တိကျမ်း 39:7

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ယေဇကျေလအနာဂတ္တိကျမ်း 39:6ယေဇကျေလအနာဂတ္တိကျမ်း 39ယေဇကျေလအနာဂတ္တိကျမ်း 39:8 →