The Bible Software
bible.software › ယေဇကျေလအနာဂတ္တိကျမ်း › ယေဇကျေလအနာဂတ္တိကျမ်း 40 › ယေဇကျေလအနာဂတ္တိကျမ်း 40:46

ယေဇကျေလအနာဂတ္တိကျမ်း 40:46

မြောက်ဘက်သို့မျက်နှာပြုသော ဤအခန်းကား၊ ယဇ်ပုလ္လင်အမှုကို ဆောင်သောယဇ်ပုရောဟိတ် နေစရာ ဘို့ဖြစ်၏။ ထိုသူတို့ကား၊ ထာဝရဘုရားထံတော်သို့ ချဉ်းကပ်၍ အမှုတော်ကို ဆောင်စေခြင်းငှါ၊ လေဝိသား တို့တွင် ရွေးကောက်သောဇာဒုတ်သားပေတည်းဟု ငါ့အား ပြောဆို၏။

1835 Judson Burmese Bible

In The King James Version

And the chamber whose prospect is toward the north is for the priests, the keepers of the charge of the altar: these are the sons of Zadok among the sons of Levi, which come near to the LORD to minister unto him.

In Context

45တောင်ဘက်သို့မျက်နှာပြုသော ဤအခန်းကား၊ အိမ်တော် အမှုကိုဆောင်သော ယဇ်ပုရောဟိတ် နေစရာ ဘို့၊

47ထိုအခါ တန်တိုင်းကိုတိုင်း၍ အလျားအတောင် တရာ၊ အနံအတောင်တရာ စတုရန်းရှိ၏။ ယဇ်ပလ္လင် သည် အိမ်တော်ရှေ့မှာ တည်၏။

Read all of ယေဇကျေလအနာဂတ္တိကျမ်း 40

Cross References

Leviticus 6:6ဒုစရိုက်ဖြေရာယဇ်ကို ပြုခြင်းငှါ ချင့်တွက်သော အလျော်ငွေနှင့်တကွ၊ ဒုစရိုက်ဖြေရာယဇ်တည်းဟူ သော အပြစ်မပါသော သိုးထီးကို၊ ထာဝရဘုရားထံတော်၊ ယဇ်ပုရောဟိတ်ရှေ့သို့ ဆောင်ခဲ့ရမည်။

Leviticus 10:3ထိုအခါ၊ မောရှေသည် အာရုန်ကိုခေါ်၍၊ ထာဝရဘုရားက၊ ငါသည် သန့်ရှင်းခြင်းရှိသည်ဟု ငါ့ထံ သို့ ချဉ်းကပ်သူတို့သည် မှတ်ရမည်။ လူအပေါင်းတို့သည် ငါ့ဘုန်းကို ချီးမြှင့်ရကြမည်ဟု မိန့်တော်မူ ရာ၌၊ ထိုသို့သော အမှုကို ရည်ဆောင်၍ မိန့်တော်မူသည်ဟု ဆိုလျှင်၊ အာရုန်သည် တိတ်ဆိတ်စွာ နေလေ၏။

Numbers 16:40ထိုသို့ အာရုန်အမျိုးမဟုတ်။ အခြားတပါးသော အမျိုးသားသည်၊ ထာဝရဘုရားရှေ့တော်၌ နံ့သာပေါင်း ကို မီးရှို့၍ ပူဇော်သောအားဖြင့်၊ ကောရနှင့် သူ၏ အပေါင်းအသင်းကဲ့သို့ မဖြစ်စေမည်အကြောင်း၊ ထာဝရ ဘုရားသည် မောရှေအားဖြင့် မှာထားတော်မူသည် အတိုင်း၊ ထိုလင်ပန်းတို့သည် ဣသရေလအမျိုးသားတို့ အား သတိပေးရာနိမိတ်ဖြစ်ရကြ၏။

1 Kings 2:35ဗိုလ်ချုပ်ယွာဘအရာ၌ ယောယဒသား ဗေနာယကို၎င်း၊ အဗျာသာအရာ၌ ယဇ်ပုရောဟိတ် ဇာဒုတ်ကို၎င်း ရှင်ဘုရင်ခန့်ထားတော်မူ၏။

Ezekiel 43:19အမှုတော်ကိုဆောင်၍ ငါ့ထံသို့ ချဉ်းကပ်သော လေဝိအမျိုး၊ ဇာဒုတ်သားယဇ်ပုရောဟိတ်တို့အား အပြစ် ဖြေရာယဇ်ဘို့၊ ပျိုသောနွားထီးတကောင်ကို အပ်ရမည်။

Ezekiel 45:4ထိုသန့်ရှင်းသောမြေသည် ထာဝရဘုရား၏ အမှုတော်ကို ဆောင်ခြင်းငှါ အထံတော်သို့ချဉ်းကပ်၍၊ သန့်ရှင်းရာဌာန၏ အမှုစောင့်၊ ယဇ်ပုရောဟိတ်တို့အဘို့ ဖြစ်ရမည်။ သူတို့ အိမ်ဆောက်စရာနှင့် သန့်ရှင်း ရာဌာန်တည်စရာတို့ သန့်ရှင်းသော မြေဖြစ်ရမည်။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ယေဇကျေလအနာဂတ္တိကျမ်း 40:46

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ယေဇကျေလအနာဂတ္တိကျမ်း 40:45ယေဇကျေလအနာဂတ္တိကျမ်း 40ယေဇကျေလအနာဂတ္တိကျမ်း 40:47 →