The Bible Software
ယေဇကျေလအနာဂတ္တိကျမ်း · မြန်မာကျမ်းစာ

ယေဇကျေလအနာဂတ္တိကျမ်း 41

1ထိုနောက်မှ ဗိမာန် တော်သို့ ခေါ် ၍ တံခါး တိုင် တို့ကို တိုင်း လျှင်၊ နှစ်ဘက်၌ တံခါးတိုင်ထု သည် ဗိမာန် တော်ထု နှင့်အမျှခြောက် တောင် ရှိ၏။

2ဗိမာန်တော်တံခါးဝ အကျယ် ကား ဆယ် တောင် ရှိ၏။ တံခါးဝ တဘက်နှင့်တဘက်လည်း ငါး တောင် စီ ကျယ်၏။ ဗိမာန်တော်ကိုတိုင်း ၍၊ အလျား ကား အတောင် လေးဆယ် ၊ အနံ ကားအတောင် နှစ်ဆယ် ရှိ၏။

3ထိုနောက် ၊ အထဲ သို့ ဝင် ၍ အရာရာတို့ကို တိုင်း လျှင်၊ တံခါး တိုင် နှစ် တောင် ၊ တံခါးဝ ခြောက် တောင် ၊ တံခါးဝ တဘက်တချက် ခုနစ် တောင် စီရှိ၏။

4ထိုအခန်းသည် ဗိမာန် တော်အနံနှင့်တညီတည်းဖြစ်လျက်၊ အလျား အတောင် နှစ်ဆယ် ၊ အနံ လည်း အတောင် နှစ်ဆယ် ရှိသည်ကို တိုင်း ၍၊ ဤ အခန်းကား အလွန် သန့်ရှင်းရာဌာနဖြစ်သည်ဟု ငါ့ အား ပြောဆို ၏။

5ထိုနောက် ၊ အိမ် တော်ထရံ ကိုတိုင်း ၍ အထု ခြောက် တောင် ရှိ၏။ အိမ် တော်ပတ်လည် ထရံ အခန်းတို့ သည် အနံ လေး တောင် စီရှိ၏။

6ထရံ အခန်းတို့သည် အစဉ်အတိုင်းသုံးဆယ် ၊ အဆင့်သုံး ဆင့်ပေါင်းသုံးဆယ်သုံးလီ ရှိကြ၏။ ထိုအခန်း တို့သည် အိမ် တော်ထရံ ထဲသို့ မ ဝင် ဘဲထရံအောက်ပိုင်း ထွက်သောခြေအပေါ်မှာ မှီ နေ ကြ၏။

7ထရံအခန်း အောက်ဆင့်မှသည် ဒုတိယအဆင့် သို့၎င်း ၊ ဒုတိယ အဆင့်မှ သည် တတိယ အဆင့်သို့ ၎င်း တက်သည်အတိုင်း၊ အိမ်တော် ထရံ ပတ်လည် တရှောက်လုံး ဆက်ကာ ဆက်ကာ ဆုတ်၍၊ အခန်းနေရာသည် အစဉ်အတိုင်း ကျယ်လျက် အဆင့်ဆင့် တက်၏။

8အိမ် တော်အထက် ပိုင်း ပတ်လည် ၌ အမြင့်ဆုံး သော ထရံ အခန်းတို့သည် ခြောက် တောင် ရှည်သော ကျူတပြန် မျှ ကျယ် ကြ၏။

9ထရံ အခန်းပြင် ဘက်၌ ကာသော ထရံ သည် အထု ငါး တောင် ရှိ၏။ ကျန်ကြွင်း သောအရပ်သည် ထရံ အခန်းတို့နှင့် ဆိုင်၏။

10အိမ် တော်ပတ်လည် ၌ ထရံအခန်းတို့သည် အိမ်တော်တန်တိုင်းအခန်း တို့နှင့် အတောင် နှစ်ဆယ် ကွာလျက်ရှိကြ၏။

11ထရံ အခန်းတို့သည် ကျန်ကြွင်း သောအရပ်သို့ ဖွင့်၍ မြောက် ဘက်သို့၎င်း ၊ တောင် ဘက်သို့၎င်း မျက်နှာပြုကြ၏။ ကျန်ကြွင်း သော အရပ်သည် ပတ်လည် ၌ အနံ ငါး တောင် ရှိ၏။

12လွတ်လပ် သော အရပ်ကိုပိတ်၍ အနောက် ဘက်၌ရှိသောတန်တိုင်းသည် အလျား အတောင် ခုနစ်ဆယ် ရှိ၍၊ အိမ် တော်ပတ်လည် တန်တိုင်း သည်လည်း အထု ငါး တောင် ၊ အလျား အတောင် ကိုးဆယ် ရှိ၏။

13ထိုသို့ အိမ် တော်ကိုတိုင်း ၍ လွတ်လပ် သောအရပ်၊ အိမ် တော်ထရံ ၊ တန်တိုင်းပါလျက်အလျား အတောင် တရာ ရှိ၏။

14အရှေ့ မျက်နှာ၌ လွတ်လပ် သောအရပ်ပါလျက်၊ အိမ် တော်ဦး အတိုင်းအရှည် လည်း အတောင် တရာ ရှိ၏။

15လွတ်လပ် သောအရပ်၌ ကာသောရှေ့ တန်တိုင်း နှင့် နောက် တန်တိုင်းကိုတိုင်း ၍၊ တဘက်တချက်၌ရှိသောထရံ အခန်းပါလျက် အလျားအတောင် တရာ ရှိ၏။

16အတွင်း ဗိမာန် နှင့် တန်တိုင်း မုတ် များ၊ တံခါးခုံ များ၊ ကျဉ်း သော ပြတင်းပေါက် များ၊ တံခါးခုံ ရှိသမျှ တဘက်တချက်သုံး ဆင့်ရှိသောထရံ အခန်းနံရံများတို့ သည် မြေ မှပြတင်းပေါက် တိုင်အောင် ပျဉ်ပြား နှင့်ဖုံးအုပ် လျက်ရှိ၏။ ပြတင်းပေါက် တို့သည်လည်း ကွယ်ကာ လျက် ရှိကြ၏။

17တံခါးပေါက် ရှိသမျှအထက် ၊ အတွင်း ဗိမာန် ပြင် ဘက်၊ အိမ်တော်အတွင်း ပြင် ထရံ ပတ်လည် ၌ ခေရုဗိမ် နှင့် စွန်ပလွံ ပင်ပုံထု ၍၊

18ခေရုဗိမ် နှစ်ခုကြားမှာ စွန်ပလွံ ပင်တခုစီရှိ၏။ ခေရုဗိမ် တခု၌ မျက်နှာ နှစ် ခုစီပါလျက်၊

19စွန်ပလွံ ပင်နှစ်ခုကြားမှာ တဘက်၌လူ မျက်နှာ ၊ တဘက်၌ ခြင်္သေ့ မျက်နှာ ကို ပြကြ၏။

20ထိုသို့ အိမ် တော်ပတ်လည် ၊ မြေ မှ သည်တံခါးပေါက် အထက် တိုင်အောင် ဗိမာန် တော်ထရံ ၌ ခေရုဗိမ် နှင့် စွန်ပလွံ ပင် အရုပ်ထု လျက်ရှိ၏။

21ဗိမာန် တော်တိုင် တို့သည် လေးထောင့် ဖြစ်ကြ၏။ သန့်ရှင်း ရာဌာနနှင့်မျက်နှာ ချင်းတူ ကြ၏။

22သစ်သား ယဇ်ပလ္လင် သည် အမြင့် သုံး တောင် ၊ အလျား နှစ် တောင် ၊ အနံနှစ်တောင်ရှိ၏။ ပလ္လင်ထောင့် ၊ ဘိနပ်၊ နံရံ တို့သည်သစ်သား ဖြင့်ပြီးကြ၏။ ဤ စားပွဲ ကား၊ ထာဝရဘုရား ရှေ့ တော်မှာတင်သော စားပွဲပေတည်းဟု ငါ့ အား ပြောဆို ၏။

23ဗိမာန် တော်နှင့် သန့်ရှင်း ရာဌာန၌ တံခါးပေါက် တပေါက်စီ ရှိ၍၊

24တံခါး တို့သည်လည်း တပ် သော တံခါးရွက် နှစ် ရွက်စီရှိ၏။

25ဗိမာန် တော်ထရံ ၌ ထု သကဲ့သို့ တံခါးရွက် တို့၌ ခေရုဗိမ် နှင့် စွန်ပလွံ ပင်ပုံ ထု လျက်ရှိ၏။ မုတ်ဦး အထက် မှာ ထုပ် တင်လျက်ရှိ၏။

26မုတ် နံရံ ၊ အိမ် တော်အခန်း ထရံတို့သည် ထုပ် များ၊ ကျဉ်း သော ပြတင်းပေါက် များ၊ စွန်ပလွံ ပင်များနှင့် ပြည့်စုံကြ၏။

← ယေဇကျေလအနာဂတ္တိကျမ်း 40Read In The App, Free →ယေဇကျေလအနာဂတ္တိကျမ်း 42 →

Study ယေဇကျေလအနာဂတ္တိကျမ်း 41

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112131415161718192021222324252627282930313233343536373839404142434445464748