ယေဇကျေလအနာဂတ္တိကျမ်း 48:10
ထိုသန့်ရှင်းသော ပူဇော်သက္ကာသည် ယဇ်ပရော ဟိတ်ဘို့ ဖြစ်၍ မြောက်ဘက်၌နှစ်သောင်းငါးထောင်၊ အနောက်ဘက်၌အနံတသောင်း၊ အရှေ့ဘက်၌ အနံ တသောင်း၊ တောင်ဘက်၌ အလျားနှစ်သောင်းငါးထောင် ကျယ်၍၊ ထာဝရဘုရား၏သန့်ရှင်းရာဌာနသည် ထိုအကွက်အလယ်၌ ရှိရမည်။
1835 Judson Burmese Bible
In The King James Version
In Context
9ထာဝရဘုရားအား ပူဇော်ရသော မြေကွက် မူကား၊ အလျားနှစ်သောင်းငါးထောင်၊ အနံတသောင်း ရှိရမည်။
Read all of ယေဇကျေလအနာဂတ္တိကျမ်း 48
Cross References
Numbers 35:1မောဘလွင်ပြင်၊ ယော်ဒန်မြစ်နား၊ ယေရိခေါမြို့ တဘက်၌ ထာဝရဘုရားသည် မောရှေကို ခေါ်တော် မူ၍၊
Ezekiel 44:28ထိုအရာသည် ယဇ်ပုရောဟိတ်တို့၏ အမွေဥစ္စာ ဖြစ်ရမည်။ ငါသည်သူတို့အမွေဥစ္စာဖြစ်၏။ ဣသရေလ ပြည်၌ သူတို့အားအမွေမြေကို မပေးရ။ ငါသည်သူတို့၏ အမွေမြေဖြစ်၏။
Matthew 10:10လမ်းခရီးဘို့ လွယ်အိတ်၊ အင်္ကျီနှစ်ထည်၊ ခြေနင်းတောင်ဝေးကို မသိုမှီးကြနှင့်။ အကြောင်းမူကား၊ လုပ်ဆောင်သောသူသည် ကျွေးမွေးခြင်းကို ခံထိုက်ပေ၏။