ယေဇကျေလအနာဂတ္တိကျမ်း 48:21
ထိုသန့်ရှင်း သော ပူဇော်သက္ကာ မြေနှင့် မြို့နယ် နှစ်ဘက်၌ ကြွင်း ၍၊ အရှေ့ ဘက်၌ နှစ်သောင်း ငါးထောင်၊ အနောက် ဘက်၌ နှစ်သောင်း ငါးထောင်ကျယ်သော မြေစွန်းနှစ်ကွက်တို့သည် မင်းသား အဘို့ ဖြစ်ရမည်။ သန့်ရှင်း သော ပူဇော်သက္ကာ မြေနှင့် အိမ် တော်၏ သန့်ရှင်း ရာဌာနသည်ထိုနှစ်ကွက်စပ်ကြား မှာ နေရာ ကျရမည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ယေဇကျေလအနာဂတ္တိကျမ်း 48
Cross References
Ezekiel 34:23သိုးထိန်း တဦး ကိုလည်း ငါခန့်ထား ၍ သူသည် ကျွေးမွေး လိမ့်မည်။ ငါ ၏ကျွန် ဒါဝိဒ် သည် သူ တို့ကို ကျွေးမွေး ၍ သိုးထိန်း လုပ် ရလိမ့်မည်။
Ezekiel 45:7သန့်ရှင်း သောမြေကွက် နှင့် မြို့ တော် နယ်နိမိတ်အနောက် ဘက်တရှောက်လုံးတပိုင်း၊ အရှေ့ ဘက် တရှောက်လုံးတပိုင်းသည် မင်းသား အဘို့ ဖြစ်ရမည်။
Ezekiel 48:10ထိုသန့်ရှင်း သော ပူဇော်သက္ကာ သည် ယဇ်ပုရောဟိတ် ဘို့ ဖြစ် ၍၊ မြောက် ဘက်၌ နှစ်သောင်း ငါးထောင်၊ အနောက် ဘက်၌ အနံ တသောင်း ၊ အရှေ့ ဘက်၌ အနံ တသောင်း ၊ တောင် ဘက်၌ အလျား နှစ်သောင်း ငါးထောင်ကျယ်၍ ၊ ထာဝရဘုရား ၏သန့်ရှင်း ရာဌာနသည် ထိုအကွက် အလယ် ၌ ရှိ ရမည်။
Hosea 1:11ထိုအခါ ယုဒ အမျိုးသား တို့နှင့် ဣသရေလ အမျိုးသား တို့သည် စုဝေး ပေါင်းဘော်၍ ၊ မင်း တဦးတည်း ကို ချီးမြှောက် သဖြင့် ထိုပြည် ထဲက ထွက်လာ ကြ လိမ့်မည်။ ယေဇရေလ နေ့ သည် ကြီးမြတ် သောနေ့ဖြစ်ရလိမ့်မည်ဟု မိန့်တော်မူ၏။