ယေဇကျေလအနာဂတ္တိကျမ်း 6:8
သို့သော်လည်း၊ သင်တို့သည် အပြည်ပြည်သို့ ကွဲပြားကြသောအခါ၊ လူအမျိုးမျိုးတို့၏ထားနှင့် လွတ် သော သူအချို့ရှိစေခြင်းငှါ အကျန်အကြွင်းကို ငါထား မည်။
1835 Judson Burmese Bible
In The King James Version
In Context
7သင်တို့အလယ်၌သူရဲတို့သည် လဲ၍သေကြလိမ့် မည်။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သိရကြ လိမ့်မည်။
Read all of ယေဇကျေလအနာဂတ္တိကျမ်း 6
Cross References
Nehemiah 1:8ကိုယ်တော်က၊ သင်တို့သည် လွန်ကျူးလျှင်၊ သင်တို့ကို တပါးအမျိုးသားတို့တွင် ငါကွဲပြားစေမည်။
Isaiah 27:7သူ့ကိုညှဉ်းဆဲသောသူတို့ကို ညှဉ်းဆဲတော်မူသည် နည်းတူ၊ သူ့ကို ညှဉ်းဆဲတော်မူသလော။ သူ့ကိုသတ်သော သူတို့သည် အသေသတ်ခြင်းကို ခံရကြသည်နည်းတူ၊ သူ သည်အသေသတ်ခြင်းကို ခံရသလော။
Jeremiah 44:14အဲဂုတ္တုပြည်သို့ သွား၍ တည်ခိုးသော ယုဒ အမျိုးသား အကျန်အကြွင်းတို့သည် ယုဒပြည်သို့ပြန်၍ နေချင်သော်လည်း၊ တယောက်မျှ ဘေးနှင့်မလွတ်ရ၊ တယောက်မျှ မကျန်ကြွင်းရကြ။ ဘေးလွတ်သော သူသာ လျှင် ပြန်ရကြလိမ့်ဟု မိန့်တော်မူ၏။
Jeremiah 46:28ငါ့ကျွန်ယာကုပ်မကြောက်နှင့်။ သင်နှင့်အတူ ငါရှိ၏။ သင့်ကို ငါနှင်ထုတ်သော တိုင်းနိုင်ငံရှိသမျှတို့ကို ငါသည်ဆုံးမစေသော်လည်း၊ သင့်ကို မဆုံးစေ။ သို့ရာတွင်၊ ရှင်းရှင်းအပြစ်မလွှတ်ဘဲ အတော်အတန် ဆုံးမမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
Ezekiel 5:12သင်၏သုံးစုတို့တွင်၊ တစုသည်နာဘေးဖြင့် သေ၍၊ သင်၏အလယ်၌မွတ်သိပ်ခြင်းဘေးဖြင့် ဆုံးရ လိမ့်မည်။ တစခုသည်သင့်ပတ်လည်၌ ထားဘေးဖြင့်လဲ၍ သေရလိမ့်မည်။ တစုကိုအရပ်ရပ်တို့က လာသော လေရှေ့မှာငါလွှင့်၍၊ သူ့နောက်သို့ ထားကို လွှတ်လိုက် မည်။
Ezekiel 12:16သို့ရာတွင်၊ ထားဘေး၊မွတ်သိပ်ခြင်းဘေး၊ ကာလနာဘေးတို့နှင့် လွတ်၍၊ ငါကျန်ကြွင်းစေသော သူအချို့တို့သည် မိမိတို့ပြုဘူးသော စက်ဆုပ်ရွံ့ရှာဘွယ် အမှုရှိသမျှတို့ကို၊ နောက်ရောက်သော တပါးအမျိုးသား နေရာပြည်တို့၌ ဘော်ပြကြလိမ့်မည်။ ငါသည် ထာဝရ ဘုရားဖြစ်ကြောင်းကို သူတို့သိရကြလိမ့်မည်ဟု မိန့်တော် မူ၏။