ဧဇရမှတ်စာ 2:69
တတ် နိုင်သမျှအတိုင်း အလိုလို လှူ၍၊ ရွှေ ဒင်္ဂါး ခြောက် သောင်း တ ထောင်၊ ငွေ အခွက် ငါး သောင်း၊ ယဇ်ပုရောဟိတ် အဝတ် အစုံတရာ ကို ဘဏ္ဍာ တော်ထဲ သို့ သွင်း ကြ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
1 Chronicles 22:14ငါ သည်ဆင်းရဲ ခံစဉ်တွင် ၊ ထာဝရဘုရား ၏ အိမ် တော်အဘို့ ရွှေ အခွက် တထောင် နှင့် ငွေ အခွက် တသောင်း ကို၎င်း၊ အချိန် မ မှတ်နိုင်အောင်များစွာ သော ကြေးဝါ နှင့် သံ ကို၎င်း၊ သစ်သား များနှင့် ကျောက် များကို၎င်း ပြင်ဆင် ပြီ။ သင်သည်လည်း ထပ်၍ ပြင်ဆင်ရမည်။
1 Chronicles 29:7ဘုရားသခင် ၏အိမ် တော်မှုကို ဆောင်ရွက် ရာဘို့ ရွှေ အခွက် ငါး သောင်းနှင့် ရွှေဒင်္ဂါး တသောင်း ၊ ငွေ အခွက် တသိန်း ၊ ကြေးဝါ အခွက် တသိန်း ရှစ် သောင်း၊ သံ အခွက် တသန်း ကို လှူ ကြ၏။
Nehemiah 7:71အဆွေအမျိုးသူကြီး သွင်း သော ရွှေငွေပေါင်းကား၊ ရွှေ ဒင်္ဂါး နှစ် သောင်း ၊ ငွေ အခွက် နှစ်သောင်းနှစ်ထောင်တည်း။