ဧဇရမှတ်စာ 2
1-
2ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ သည်၊ ဗာဗုလုန် မြို့သို့ သိမ်းသွားသောလူစုထဲက ထွက် ၍ ဇေရုဗဗေလ ၊ ယောရှု ၊ နေဟမိ ၊ သရာယ ၊ ရေလာယ ၊ မော်ဒကဲ ၊ ဗိလရှန် ၊ မိဇပါ ၊ ဗိဂဝဲ ၊ ရေဟုံ ၊ ဗာနာ တို့နှင့်အတူ လိုက်လာ ၍၊ ယေရုရှလင် မြို့အစရှိသောယုဒ ပြည်၌အသီးအသီး ဆိုင်သောမြို့ရွာ သို့ ရောက်သောနိုင်ငံတော်သားဣသရေလ လူ စာရင်း ဟူမူကား၊
3ပါရုတ် အမျိုးသား နှစ် ထောင်တရာ ခုနစ် ဆယ် နှစ် ယောက်၊
4ရှေဖတိ အမျိုးသား သုံး ရာ ခုနစ် ဆယ်နှစ် ယောက်၊
5အာရာ အမျိုးသား ခုနစ် ရာ ခုနစ် ဆယ်ငါး ယောက်၊
6ပါဟတ် မောဘအမျိုး ၊ ယောရှု ယွာဘ အမျိုးသား နှစ် ထောင်ရှစ် ရာ တဆယ် နှစ် ယောက်၊
7ဧလံ အမျိုးသား တထောင် နှစ် ရာငါး ဆယ် လေး ယောက်၊
8ဇတ္တု အမျိုးသား ကိုး ရာ လေး ဆယ်ငါး ယောက်၊
9ဇက္ခဲ အမျိုးသား ခုနစ် ရာ ခြောက် ဆယ်၊
10ဗာနိ အမျိုးသား ခြောက် ရာ လေး ဆယ်နှစ် ယောက်၊
11ဗေဗဲ အမျိုးသား ခြောက် ရာ နှစ် ဆယ်သုံး ယောက်၊
12အာဇဂဒ် အမျိုးသား တ ထောင်နှစ် ရာနှစ် ဆယ်နှစ် ယောက်၊
13အဒေါနိကံ အမျိုးသား ခြောက် ရာ ခြောက် ဆယ်ခြောက် ယောက်၊
14ဗိဂဝဲ အမျိုးသား နှစ် ထောင်ငါး ဆယ်ခြောက် ယောက်၊
15အာဒိန် အမျိုးသား လေး ရာ ငါး ဆယ်လေး ယောက်၊
16ဟေဇကိ နှင့် အာတာ အမျိုးသား ကိုး ဆယ်ရှစ် ယောက်၊
17ဗေဇဲ အမျိုးသား သုံး ရာ နှစ် ဆယ်သုံး ယောက်၊
18ယောရ အမျိုးသား တရာ တဆယ် နှစ် ယောက်၊
19ဟာရှုံ အမျိုးသား နှစ် ရာနှစ် ဆယ်သုံး ယောက်၊
20ဂိဗ္ဗာ အမျိုးသား ကိုး ဆယ်ငါး ယောက်၊
21ဗက်လင် မြို့သား တရာ နှစ် ဆယ်သုံး ယောက်၊
22နေတောဖ မြို့သား ငါး ဆယ်ခြောက် ယောက်၊
23အာနသုတ် မြို့သား တရာ နှစ် ဆယ်ရှစ် ယောက်၊
24အာဇမာဝက် မြို့သား လေး ဆယ်နှစ် ယောက်၊
25ကိရယသာရိမ် မြို့၊ ခေဖိရ မြို့၊ ဗေရုတ် မြို့သား ခုနစ် ရာ လေး ဆယ်သုံး ယောက်၊
26ရာမ မြို့၊ ဂါဘ မြို့သား ခြောက် ရာ နှစ် ဆယ်တ ယောက်၊
27မိတ်မတ် မြို့သား တရာ နှစ် ဆယ်နှစ် ယောက်၊
28ဗေသလ မြို့၊ အာဣ မြို့သား နှစ် ရာနှစ် ဆယ်သုံး ယောက်၊
29နေဗော မြို့သား ငါး ဆယ်နှစ် ယောက်၊
30မာဂဗိတ် မြို့သား တရာ ငါး ဆယ်ခြောက် ယောက်၊
31အခြား သော ဧလံ မြို့သား တ ထောင်နှစ် ရာငါး ဆယ်လေး ယောက်၊
32ဟာရိမ် မြို့သား သုံး ရာ နှစ် ဆယ်၊
33လောဒ မြို့၊ ဟာဒိဒ် မြို့၊ ဩနော မြို့သား ခုနစ် ဆယ်ငါး ယောက်၊
34ယေရိခေါ မြို့သား သုံး ရာ လေး ဆယ်ငါး ယောက်၊
35သေနာ မြို့သား သုံး ထောင် ခြောက် ရာ သုံး ဆယ်တည်း။
36ယဇ်ပုရောဟိတ် စာရင်းဟူမူကား၊ ယောရှု အမျိုး ထဲက ၊ ယေဒါယ အမျိုးသား ကိုး ရာ ခုနစ် ဆယ်သုံး ယောက်၊
37ဣမေရ အမျိုးသား တ ထောင်ငါး ဆယ်နှစ် ယောက်၊
38ပါရှုရ အမျိုးသား တ ထောင်နှစ် ရာလေး ဆယ်ခုနစ် ယောက်၊
39ဟာရိမ် အမျိုးသား တ ထောင်တဆယ် ခုနစ် ယောက်တည်း။
40လေဝိ သားစာရင်းဟူမူကား၊ ဟောဒဝိ အမျိုး ထဲက ယောရှု အမျိုး နှင့် ကာဒမေလ အမျိုးသားခုနစ် ဆယ်လေး ယောက်၊
41သီချင်း သည် အာသပ် အမျိုးသား တရာ နှစ် ဆယ် ရှစ် ယောက်၊
42တံခါး စောင့်အမျိုးသား တည်းဟူသောရှလ္လုံ အမျိုးသား ၊ အာတာ အမျိုးသား ၊ တာလမုန် အမျိုးသား ၊ အက္ကုပ် အမျိုးသား ၊ ဟတိတ အမျိုးသား ၊ ရှောဗဲ အမျိုးသား အပေါင်း တရာ သုံး ဆယ်ကိုး ယောက်တည်း။
43ဘုရား ကျွန်ခံသူ၊ ဇိဟ အမျိုးသား ၊ ဟသုဖ အမျိုးသား ၊ တဗ္ဗောက် အမျိုးသား၊
44ကေရုတ် အမျိုးသား ၊ သယာဟ အမျိုးသား ၊ ပါဒုန် အမျိုးသား၊
45လေဗန အမျိုးသား ၊ ဟာဂဘ အမျိုးသား ၊ အက္ကုပ် အမျိုးသား၊
46ဟာဂပ် အမျိုးသား ၊ ရှာလမဲ အမျိုးသား ၊ ဟာနန် အမျိုးသား၊
47ဂိဒ္ဒေလ အမျိုးသား ၊ ဂါဟာ အမျိုးသား ၊ ရာယ အမျိုးသား၊
48ရေဇိန် အမျိုးသား ၊ နေကောဒ အမျိုးသား ၊ ဂဇ္ဇမ် အမျိုးသား၊
49ဩဇ အမျိုးသား ၊ ပါသာ အမျိုးသား ၊ ဗေသဲ အမျိုးသား၊
50အာသနာ အမျိုးသား ၊ မဟုနိမ် အမျိုးသား ၊ နဖုသိမ် အမျိုးသား၊
51ဗာကဗုတ် အမျိုးသား ၊ ဟကုဖ အမျိုးသား ၊ ဟာရဟုရ အမျိုးသား၊
52ဗာဇလုပ် အမျိုးသား ၊ မဟိဒ အမျိုးသား ၊ ဟရရှ အမျိုးသား၊
53ဗာကုတ် အမျိုးသား ၊ သိသရ အမျိုးသား ၊ သာမ အမျိုးသား၊
54နေဇိ အမျိုးသား ၊ ဟတိဖ အမျိုးသား တည်း။
55ရှောလမုန် ၏ အစေခံ ကျွန်၊ သောတဲ အမျိုးသား ၊ သောဖရက် အမျိုးသား ၊ ပေရုဒ အမျိုးသား၊
56ယာလ အမျိုးသား ၊ ဒါကုန် အမျိုးသား ၊ ဂိဒ္ဒေလ အမျိုးသား၊
57ရှေဖတိ အမျိုးသား ၊ ဟတ္တိလ အမျိုးသား ၊ ပေါခရက် အမျိုးသား ၊ ဇေဗိမ်အမျိုးသား၊ အာမိ အမျိုးသား တည်း။
58ဘုရား ကျွန်နှင့် ရှောလမုန် ကျွန် ပေါင်း ကား၊ သုံး ရာ ကိုး ဆယ်နှစ် ယောက်တည်း။
59ထိုမှတပါး၊ ဣသရေလ အမျိုး မှန်သည်မမှန်သည်ကို၎င်း၊ မိမိ တို့ အဆွေ အမျိုးကို၎င်း၊ မ ပြ နိုင် ဘဲ တေလမေလ မြို့၊ တေလဟာသ မြို့၊ ခေရုပ် မြို့၊ အဒ္ဒန် မြို့၊ ဣမေရ မြို့မှ ထွက်သွား သောသူဟူမူကား၊
60ဒေလာယ အမျိုးသား ၊ တောဘိ အမျိုးသား ၊ နေကောဒ အမျိုးသား ပေါင်း ခြောက် ရာ ငါး ဆယ် နှစ် ယောက်တည်း။
61ယဇ်ပုရောဟိတ် အမျိုး ထဲက ဟဗာယ အမျိုးသား ၊ ကောဇအမျိုးသား ၊ ဂိလဒ် ပြည်သားဗာဇိလဲ သမီး တယောက်နှင့် စုံဘက် ၍၊ ယောက္ခမအမည် ကိုရသော ဗာဇိလဲ အမျိုးသား တို့သည်၊
62စာရင်းဝင်သောလူစုတွင် မိမိ တို့စာရင်း ကို ရှာ ၍ မ တွေ့ သောကြောင့် ၊ အမျိုးမစစ်၊ ယဇ် ပုရောဟိတ်အရာကိုမခံရကြ။
63ဥရိမ် နှင့် သုမိမ် ပါသောယဇ်ပုရောဟိတ် မပေါ် မှီတိုင်အောင် သူတို့သည်အလွန်သန့်ရှင်း သောအရာတို့ကို မ စား ရဟု ပြည်အုပ် မင်းစီရင် ၏။
64ပရိသတ် ပေါင်း ကား လေး သောင်း နှစ် ထောင်သုံး ရာ ခြောက် ဆယ်တည်း။
65ထို မှတပါး၊ ကျွန် ယောက်ျား၊ ကျွန် မိန်းမပေါင်း ခုနစ် ထောင် သုံး ရာ သုံး ဆယ်ခုနစ် ယောက်၊ သီချင်း သည် ယောက်ျား မိန်းမ ပေါင်းနှစ် ရာ၊
66မြင်း ပေါင်း ခုနစ် ရာ သုံး ဆယ်ခြောက် စီး၊ လား ပေါင်း နှစ် ရာလေး ဆယ်ငါး စီး၊
67ကုလားအုပ် ပေါင်းလေး ရာ သုံး ဆယ်ငါး စီး၊ မြည်း ပေါင်းခြောက် ထောင် ခုနစ် ရာ နှစ် ဆယ်တည်း။
68အဆွေအမျိုးသူကြီး အချို့တို့သည် ယေရုရှလင် မြို့ ဗိမာန် တော်သို့ ရောက် သောအခါ ၊ ဗိမာန်တော် ကို မိမိ နေရာ ၌ တည် ဆောက်ခြင်းငှါ၊
69တတ် နိုင်သမျှအတိုင်း အလိုလို လှူ၍၊ ရွှေ ဒင်္ဂါး ခြောက် သောင်း တ ထောင်၊ ငွေ အခွက် ငါး သောင်း၊ ယဇ်ပုရောဟိတ် အဝတ် အစုံတရာ ကို ဘဏ္ဍာ တော်ထဲ သို့ သွင်း ကြ၏။
70ထိုသို့ ယဇ်ပုရောဟိတ် ၊ လေဝိ သား၊ သာမည လူ အချို့၊ သီချင်း သည်၊ တံခါး စောင့်၊ ဘုရား ကျွန်တို့သည် မိမိ တို့နေရာမြို့ ရွာတို့၌ ၎င်း၊ ဣသရေလ ပြည်သူပြည်သားအပေါင်း တို့သည် မိမိ တို့နေရာမြို့ ရွာတို့၌ ၎င်း နေရာ ကျ ကြ၏။