The Bible Software
bible.software › ဧဇရမှတ်စာ › ဧဇရမှတ်စာ 3 › ဧဇရမှတ်စာ 3:1

ဧဇရမှတ်စာ 3:1

သတ္တမလရောက်မှ မြို့ရွာအရပ်ရပ်၌ နေသော ဣသရေလအမျိုးသားလူအပေါင်းတို့သည်၊ ယေရုရှလင် မြို့သို့ တညီတညွတ်တည်းလာ၍ စုဝေးကြ၏။

1835 Judson Burmese Bible

In The King James Version

And when the seventh month was come, and the children of Israel were in the cities, the people gathered themselves together as one man to Jerusalem.

In Context

2ထိုအခါ ယောဇဒက်သားယောရှုနှင့် သူ၏ညီအစ်ကို ယဇ်ပုရောဟိတ်များ၊ ရှာလသေလသား ဇေရုဗ ဗေလနှင့် သူ၏ညီအစ်ကိုများတို့သည်ထ၍ ဘုရားသခင် ၏လူ မောရှေရေးထားသော ပညတ္တိကျမ်းစာ၌ ပါသည် အတိုင်း၊ မီးရှို့ရာ ယဇ်တို့ကိုပူဇော်လိုသောငှါ၊ ဣသရေလ အမျိုး၏ ဘုရားသခင့်ယဇ်ပလ္လင်ကိုတည်ကြ၏။

Read all of ဧဇရမှတ်စာ 3

Cross References

Leviticus 16:29သင်တို့သည် အစဉ်စောင့်ရသော ပညတ်တော်ဟူမူကား၊ အမျိုးသားချင်းဖြစ်စေ၊ သင်တို့တွင် တည်းနေ သော တပါးအမျိုးသားဖြစ်စေ၊ သတ္တမလ ဆယ်ရက်နေ့၌ အလုပ်ကို အလျှင်းမလုပ်၊ ခြိုးခြံစွာ ကျင့်လျက်နေရကြမည်။

Leviticus 23:27သတ္တမလ၊ ဒသမနေ့သည်လည်း အပြစ်ဖြေရာနေ့၊ ဓမ္မစည်းဝေးခြင်းကို ပြုသောနေ့ဖြစ်၏။ ခြိုးခြံစွာ ကျင့်ရမည်။ ထာဝရဘုရားအား မီးဖြင့်ပြုသော ပူဇော်သက္ကာကို ဆက်ကပ်ရမည်။

Deuteronomy 16:16အဇုမပွဲခံချိန်၊ ခုနှစ်သိတင်းပွဲခံချိန်၊ သကေနေ ပွဲခံချိန်တည်းဟူသော တနှစ်တွင် သုံးကြိမ်မြောက်အောင် သင်တို့ယောက်ျားအပေါင်းတို့သည်၊ သင်၏ဘုရားသခင် ထာဝရဘုရား ရွေးကောက်တော်မူသော အရပ်၌ ရှေ့တော်မှာ မျက်နှာပြရကြမည်။ ထိုအခါ ထာဝရဘုရား ထံတော်သို့ အဘယ်သူမျှလက်ချည်း မပေါ်မလာရ။

Nehemiah 7:72ကြွင်းသော သူတို့သည်လည်း ရွှေဒင်္ဂါးနှစ် သောင်း၊ ငွေအခွက်နှစ်သောင်း၊ ယဇ်ပုရောဟိတ် အဝတ်စုံခြောက်ဆယ်ခုနစ်စုံကို သွင်းကြ၏။

Nehemiah 8:1သတ္တမလရောက်မှ၊ မြို့ရွာအရပ်ရပ်၌နေသော ဣသရေလ အမျိုးသားလူအပေါင်းတို့သည် လာ၍ ရေတံခါးလမ်းတွင် စည်းဝေးကြ၏။ ဣသရေလအမျိုး၌ ထာဝရဘုရားထားတော်မူသော မောရှေပညတ္တိကျမ်း စာကို ဆောင်ခဲ့ပါဟု ကျမ်းတတ်ဆရာ ဧဇရကို တောင်း သည်အတိုင်း၊

Zephaniah 3:9အကယ်စင်စစ် လူမျိုးအပေါင်းတို့သည် ထာဝရ ဘုရား၏အမှုတော်ကို တညီတညွတ်တည်း ဆောင်ရွက် မည်အကြောင်း၊ နာမတော်ကို ပဌနာပြုစေခြင်းငှါ သန့် ရှင်းသော ဘာသာစကားကို သူတို့အား ငါပြန်ပေးမည်။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ဧဇရမှတ်စာ 3:1

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
ဧဇရမှတ်စာ 3ဧဇရမှတ်စာ 3:2 →