The Bible Software
bible.software › ဧဇရမှတ်စာ › ဧဇရမှတ်စာ 3 › ဧဇရမှတ်စာ 3:10

ဧဇရမှတ်စာ 3:10

လုပ်ဆောင်သောသူတို့သည် ထာဝရဘုရား၏ ဗိမာန်တော်တိုက်မြစ်ကိုချသောအခါ၊ ဣသရေလ ရှင်ဘုရင် ဒါဝိဒ်စီရင်သည်အတိုင်း၊ ထာဝရဘုရား၏ ဂုဏ်တော်ကိုချီးမွမ်းစေခြင်းငှါ၊ တံပိုးကိုင်သော ယဇ် ပုရောဟိတ်များ၊ ခွက်ကွင်းကိုင်သောလေဝိအမျိုး၊ အာသပ်သားများတို့ကို ခန့်ထားကြ၏။

1835 Judson Burmese Bible

In The King James Version

And when the builders laid the foundation of the temple of the LORD, they set the priests in their apparel with trumpets, and the Levites the sons of Asaph with cymbals, to praise the LORD, after the ordinance of David king of Israel.

In Context

9ထိုအခါယုဒအမျိုး၊ ယောရှုနှင့်သူ၏သားညီများ၊ ကပ်မျေလနှင့်သူ၏သားများ၊ လေဝိအမျိုးဟေနဒဒ်သား များ၊ သူတို့သားနှင့် ညီများတို့သည်၊ ဗိမာန်တော်ကို တည်ဆောက်လုပ်ဆောင်သော သူတို့ကိုနှိုးဆော်ခြင်းငှါ ထကြ၏။

11ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၏။ ဣသရေလအမျိုး၌ ပြတော်မူသော ကရုဏာတော် အစဉ်အမြဲ တည်ပါသည်ဟူ၍ ဂုဏ်တော်ကို ချီးမွမ်းလျက်၊ ကျေးဇူတော်ကို ဝန်ခံလျက်၊ အသံပြိုင်၍ အလှည့်လှည့်သီ ချင်းဆိုကြ၏။ ဗိမာန်တော်တိုက်မြစ်ကို ချရသောကြောင့်၊ လူအပေါင်းတို့သည် ထာဝရဘုရား၏ဂုဏ်တော်ကို ချီးမွမ်းလျက်၊ ကြီးသောအသံနှင့် ကြွေးကြော်ကြ၏။

Read all of ဧဇရမှတ်စာ 3

Cross References

Exodus 28:40အာရုန်၏သားတို့ ဘုန်းအသရေကို ထင်ပေါ်စေခြင်းငှါ၊ အင်္ကျီ၊ ခါးပန်း၊ ဦးထုပ်များကို လုပ်ပေးရမည်။

1 Samuel 22:18တဖန်ရှင်ဘုရင်က၊ သင်သည်လှည့်၍ ယဇ်ပုရောဟိတ်တို့ကို လုပ်ကြံတော့ဟု ဒေါဂအား မိန့်တော်မူ သည်အတိုင်း၊ ဧဒုံအမျိုးသား ဒေါဂသည် လှည့်၍ ပိတ်သင်တိုင်းကို ဝတ်သော ယဇ်ပုရောဟိတ် ရှစ်ဆယ့်ငါးပါးတို့ကို လုပ်ကြံသဖြင့် ထိုနေ့၌ သတ်လေ၏။

1 Chronicles 15:24ယဇ်ပုရောဟိတ်ရှေဗနိ၊ ယောရှဖတ်၊ နာသ နေလ၊ အာမသဲ၊ ဇာခရိ၊ ဗေနာယ၊ ဧလျေဇာတို့သည် ဘုရားသခင်၏ သေတ္တာတော်ရှေ့မှာ တံပိုးမှုတ်ရကြ၏။ ဩဗဒေဒုံနှင့် ယေဟိသည်လည်း သေတ္တာတော်တံခါး စောင့်ဖြစ်၏ ။

1 Chronicles 16:4တဖန် ထာဝရဘုရား၏ သေတ္တာတော်ရှေ့မှာ အမှုတော်ကို ဆောင်ရွက်၍၊ ဣသရေလအမျိုး၏ ဘုရား သခင် ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော်ကို အလှည့် အတိုင်း ချီးမွမ်းစေခြင်းငှါ ခန့်ထားတော်မူသော လေဝိ သားများဟူမူကား၊

1 Chronicles 16:42သီချင်းသည်တို့၏အဆောင်၊ တံပိုး၊ ခွက်ကွင်း အစရှိသော ဘုရားသခင်၏ တုရိယာမျိုးကိုကိုင်သော ဟေမန်နှင့်ယေဒုသုန်အစရှိသော ရွေးကောက်၍ စာရင်း သွင်းသောသူ အခြားတို့ကိုလည်း ထားတော်မူ၏။ ယေဒု သုန်သားတို့သည်လည်း တံခါးစောင့်ဖြစ်ကြ၏။

1 Chronicles 25:1ထိုမှတပါးအာသပ်၊ ဟေမန်၊ ယေဒုသုန်သား တို့နှင့်အတူ ဝိုင်း၍ စောင်း၊ တယော၊ ခွက်ကွင်းကို တီးမှုတ်လျက် ကိုးကွယ်ခြင်းအမှုကို ဆောင်ရွက်စရာဘို့၊ ဒါဝိဒ်နှင့်ပရိသတ်ဗိုလ်ခြေ အကြီးအကဲတို့သည် ခွဲခန့် သော သူတို့စာရင်းဟူမူကား၊

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ဧဇရမှတ်စာ 3:10

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ဧဇရမှတ်စာ 3:9ဧဇရမှတ်စာ 3ဧဇရမှတ်စာ 3:11 →