ဧဇရမှတ်စာ 3:8
ယေရုရှလင် မြို့ ဗိမာန် တော်သို့ ရောက် သော ဒုတိယ နှစ် ၊ ဒုတိယ လ တွင် ရှာလသေလ သား ဇေရုဗဗေလ ၊ ယောဇဒတ် သား ယောရှု ၊ ကျန် ကြွင်းသော ညီအစ်ကို ၊ ယဇ်ပုရောဟိတ် ၊ လေဝိ သားများ၊ အချုပ် ခံရသော လူစုထဲက ထွက် ၍၊ ယေရုရှလင် မြို့သို့လာသောလူများအပေါင်း တို့သည် ထ၍ ဗိမာန် တော်တည်ဆောက်ခြင်းအမှု ကို နှိုးဆော် စိမ့်သောငှါ လေဝိ သားတို့ကို ခန့် ထားကြ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Numbers 4:3အလုံးအရင်း ဝင် သောသူအပေါင်း တို့ကို၊ ဘိုး ဘအဆွေအမျိုး အလိုက် စာရင်းယူ လော့။
1 Chronicles 23:4ထို သူတို့တွင် နှစ်သောင်း လေးထောင်တို့သည် ထာဝရဘုရား ၏ အိမ် တော်အမှု ကို ဆောင်ရွက် ရကြ၏။ ခြောက် ထောင် တို့သည် အရာရှိ ၊ တရားသူကြီး လုပ်ရကြ ၏။
Ezra 2:2ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ သည်၊ ဗာဗုလုန် မြို့သို့ သိမ်းသွားသောလူစုထဲက ထွက် ၍ ဇေရုဗဗေလ ၊ ယောရှု ၊ နေဟမိ ၊ သရာယ ၊ ရေလာယ ၊ မော်ဒကဲ ၊ ဗိလရှန် ၊ မိဇပါ ၊ ဗိဂဝဲ ၊ ရေဟုံ ၊ ဗာနာ တို့နှင့်အတူ လိုက်လာ ၍၊ ယေရုရှလင် မြို့အစရှိသောယုဒ ပြည်၌အသီးအသီး ဆိုင်သောမြို့ရွာ သို့ ရောက်သောနိုင်ငံတော်သားဣသရေလ လူ စာရင်း ဟူမူကား၊
Ezra 4:24ထိုသို့ ယေရုရှလင် မြို့၏ ဗိမာန် တော် တည်ခြင်း အမှုပြတ်၍၊ ပေရသိ ရှင် ဘုရင် ဒါရိ နန်းစံ နှစ် နှစ် တိုင်အောင် လက်စမသတ်ဘဲနေလေ၏။
Ezra 10:18တပါး အမျိုးသားမိန်းမ နှင့် စုံဘက် သော ယဇ် ပုရောဟိတ် အမျိုးသား ဟူမူကား၊ ယောရှု အမျိုး ယောဇဒက် သား နှင့် သူ ၏ညီ မာသေယ ၊ ဧလျေဇာ ၊ ယာရိပ် ၊ ဂေဒလိ တည်း။
Zechariah 4:9ဇေရုဗဗေလ သည် ဤ အိမ် တော်အမြစ် ကို ချထား ပြီ။ သူ သည်လည်း လက်စသတ် ရလိမ့်မည်။ ကောင်းကင် ဗိုလ်ခြေ အရှင် ထာဝရဘုရား သည် ငါ့ ကို သင် တို့ရှိရာသို့ စေလွှတ် တော်မူသည်ကို သင်တို့သိ ရကြလိမ့်မည်။