ဂလာတိဩဝါဒစာ 5:21
သူ့ အကျိုးကိုငြူစူခြင်း၊ လူအသက်ကိုသတ်ခြင်း၊ ယစ်မျိုး ကို သောက်ကြူးခြင်း၊ ပွဲ လုပ်ခြင်းမှစ၍ထိုသို့သောအကျင့် ပေတည်း။ ထိုသို့သောအကျင့်ကို ကျင့် သောသူ တို့သည် ဘုရားသခင် ၏နိုင်ငံ တော်ကို အမွေ မ ခံကြရဟု အထက်ကငါပြော နှင့်ခဲ့ပြီးသည်အတိုင်း ယခုပင်လည်း ငါပြော နှင့်၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Deuteronomy 21:20အကျွန်ုပ် တို့သား သည် ဆိုး သောသူ၊ ခက်ထန် သောသဘောရှိ၍ အကျွန်ုပ် တို့စကား ကို နား မ ထောင်သောသူ ဖြစ် ပါ၏။ စားကြူး သောသူ၊ သောက်ကြူး သောသူ ဖြစ်ပါ၏ဟု မြို့ ၌ အသက်ကြီး သူတို့အား လျှောက်ဆို ရမည်။
Matthew 25:34ထိုအခါ လက်ျာ တော်ဘက် ၌ရှိသော သူ တို့အား မင်းကြီး က၊ ငါ့ ခမည်းတော် ထံ ကောင်းကြီး မင်္ဂလာကိုခံသောသူ တို့၊ ကမ္ဘာ ဦး ကပင် သင်တို့ အဘို့ ပြင်ဆင် သောနိုင်ငံ ကို လာ ၍ အမွေခံ ကြလော့။
Romans 2:8ငြင်းဆန် သောသဘောရှိ၍ ၊ သမ္မာတရား ကို နား မထောင်ဘဲ မတရား သဖြင့် ကျင့်သောသူ တို့ကိုကား ၊ ပြင်းစွာသော ဒေါသ အမျက်ထွက် တော်မူလတံ့၊
Romans 13:13ပွဲ လုပ်ခြင်း၊ ယစ်မျိုး သောက်ကြူးခြင်း၊ မတရား သော မေထုန်၌ မှီဝဲခြင်း၊ ကိလေသာ ညစ်ညူးခြင်း၊ ရန်တွေ့ ခြင်း၊ ဂုဏ်ပြိုင် ခြင်းအမှုတို့ကို ကြဉ်ရှောင် ၍၊ နေ့ အချိန်၌ ကဲ့သို့ တင့်တယ် လျောက်ပတ်စွာ ကျင့်ဆောင်ပြုမူကြကုန်အံ့။
1 Corinthians 6:9မတရား သောသူတို့သည် ဘုရားသခင် ၏ နိုင်ငံ တော်ကို အမွေ မ ခံရသည်ကို သင်တို့မ သိ ကြ သလော။ အလွဲ မ ယူကြနှင့်။ မတရား သောမေထုန်၌ မှီဝဲသောသူ၊ ရုပ်တု ကိုကိုးကွယ်သောသူ၊ သူ့ မယားကို ပြစ်မှားသောသူ၊ ယောက်ျား ချင်းမေထုန်ကိုပြုသောသူ၊ ထိုအမှုကိုခံသောသူ၊
Ephesians 5:5မတရား သောမေထုန်၌ မှီဝဲသောသူ၊ ညစ်ညူး စွာ ပြုသောသူ၊ ရုပ်တု ကိုကိုးကွယ်သောသူဖြစ် သော လောဘ လွန်ကျူးသောသူ တစ်စုံတစ်ယောက်မျှ ခရစ်တော် နှင့် ဘုရားသခင် ၏နိုင်ငံ ၌ အမွေ မ ခံရ သည်ကို သင်တို့ သိ ကြ၏။