The Bible Software
ကမ္ဘာဦးကျမ်း · မြန်မာကျမ်းစာ

ကမ္ဘာဦးကျမ်း 15

1ထိုနောက်မှဗျာဒိတ်တော်အားဖြင့်၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် အာဗြံ သို့ ရောက် ၍၊ အချင်းအာဗြံ ၊ မ စိုးရိမ် နှင့်။ ငါ သည် သင် ၏ အကွယ် အကာဖြစ်၏။ သင် ၏အကျိုး သည် အလွန် ကြီး လှ၏ဟု မိန့် တော်မူလျှင်၊

2အာဗြံ က၊ အရှင် ထာဝရဘုရား ၊ အကျွန်ုပ် သည် သား မရှိဘဲ သွား ရပါ၏။ ဤဒမာသက် မြို့သား ဧလျာဇာ သည် အကျွန်ုပ် ၏ အမွေခံ ဖြစ်ရပါ၏။ သို့ဖြစ်၍ အဘယ် ကျေးဇူးကို ပြု တော်မူပါမည်နည်းဟု လျှောက် ဆို၏။

3တဖန် အာဗြံ က အကျွန်ုပ် အား အမျိုး အနွယ်ကိုပေး တော်မ မူပါ။ အကျွန်ုပ် ၏ အိမ် ၌ ဘွား သောသူသည် အကျွန်ုပ် ၏ အမွေခံ ဖြစ်ရပါသည်တကားဟု လျှောက် ဆို၏။

4တဖန် ထာဝရဘုရား ၏ နှုတ်ကပတ် တော် ရောက်လာသည်ကား၊ ဤသူ သည် သင် ၏အမွေခံ မ ဖြစ်ရ။ သင် ၏ ကိုယ် ထဲက ထွက် သောသူသည် သင် ၏ အမွေခံ ဖြစ်လိမ့်မည်ဟု မိန့် တော်မူပြီးလျှင်၊

5အာဗြံ ကိုပြင် သို့ ထုတ် ဆောင်တော်မူ၍ ၊ မိုဃ်းကောင်းကင် ကို မြော်ကြည့် လော့။ ကြယ် များကို ရေတွက် နိုင် လျှင် ရေတွက် လော့။ သင် ၏အမျိုး အနွယ်သည်ထိုသို့ ဖြစ် လိမ့်မည်ဟု မိန့် တော်မူ၏။

6အာဗြံသည် ထာဝရဘုရား ကို ယုံကြည် သည် ဖြစ်၍ ၊ သူ ၏ယုံကြည်ခြင်းကို ဖြောင့်မတ် ခြင်းကဲ့သို့မှတ် တော်မူ၏။

7တဖန် ၊ ငါ သည် ဤ ပြည် ကို သင်အမွေခံ စရာဘို့ ၊ သင် အား ပေး လို သောငှါ၊ ခါလဒဲ ပြည်သားတို့နေသောဥရ မြို့မှ သင့် ကို ထုတ် ဆောင်သော ထာဝရဘုရား ဖြစ်သည်ဟု မိန့် တော်မူလျှင်၊

8အရှင် ထာဝရဘုရား ၊ ဤပြည်ကို အကျွန်ုပ် အမွေ ခံရမည်ကို အဘယ်သို့ သိ ရပါအံ့နည်းဟု မေးလျှောက် လေ၏။

9ထာဝရဘုရားကလည်း၊ သုံး နှစ်အသက်ရှိသောနွား မတကောင်၊ သုံး နှစ်အသက်ရှိသောဆိတ် တကောင်၊ သုံး နှစ်အသက်ရှိသောသိုး ထီးတကောင်၊ ချိုး တကောင်၊ ခို သငယ်တကောင်တို့ကို ငါ ဘို့ ယူ လော့ဟု မိန့် တော်မူသည်အတိုင်း၊

10ထို တိရစ္ဆာန်အပေါင်း တို့ကို ယူ ၍ ၊ တကောင် တကောင်ကို ထက်ဝက် စီ ခွဲပြီးလျှင် ၊ ခွဲ သောအသားတို့ကို အဘက် တချက်၌ ထား လေ၏။ ငှက် ကောင်တို့ကို မ ခွဲ။

11ငှက် ရဲတို့သည် အသေ ကောင်တို့ အပေါ် သို့ ဆင်း လာသောအခါ ၊ အာဗြံ သည် နှင် လေ၏။

12နေ ဝင် သောအခါ ၊ အာဗြံ သည် ကြီး သော အိပ် ခြင်းဖြင့် အိပ်ပျော် လျက်၊ ထူသောမှောင်မိုက် နှင့် တွေ့ ၍၊ ထိတ်လန့် ခြင်းသို့ ရောက် လေ၏။

13ထာဝရဘုရားကလည်း၊ သင် ၏ အမျိုး အနွယ်သည်၊ သူတပါးပိုင်သောပြည် ၌ ဧည့်သည် ဖြစ် ကြသဖြင့် ၊ သူတပါး တို့၌ ကျွန် ခံခြင်း၊ နှိပ်စက် ညှဉ်းဆဲခြင်းကို အနှစ် လေး ရာ ပတ်လုံးခံရကြလိမ့်မည်ကို အမှန်သိမှတ်လော့။

14သူတို့ကို စေခိုင်း သော လူမျိုး ကိုလည်း ငါ စီရင် မည်။ ထိုနောက်မှ ၊ သူတို့သည် များစွာ သောဥစ္စာ နှင့် ထွက် ကြလိမ့်မည်။

15သင်သည်ဘိုးဘေး တို့ထံ သို့ငြိမ်ဝပ် စွာ သွား ရလိမ့်မည်။ အသက် ကြီးရင့်လျက် သင်္ဂြိုဟ် ခြင်းကိုခံရလိမ့်မည်။

16လူမျိုး လေး ဆက်လွန်သောအခါ ၊ သူတို့သည် ဤ ပြည်သို့ ပြန် လာကြလိမ့်မည်။ အာမောရိ အမျိုးသားတို့၏ ဒုစရိုက် အပြစ်သည် မ စုံလင် သေးဟု အာဗြံ အား မိန့် တော်မူ၏။

17တဖန် နေ ဝင် ၍ မိုက် သောအခါ ၊ ခွဲ ထားသော အသားအလယ်၌၊ မီးခိုး ထွက်သောမီးဖို ၊ မီး ထွန်းလင်းသော မီးခွက် သည် ထင်ရှားစွာ ရှောက်သွားလေ၏။

18ထို နေ့ ၌ ထာဝရဘုရား သည် အာဗြံ နှင့် ပဋိညာဉ် ပြု တော်မူလျက်၊ အဲဂုတ္တု မြစ် မှစ၍ မြစ် ကြီး တည်းဟူသော၊ ဥဖရတ် မြစ် တိုင်အောင်၊ ဤ ပြည် ကို၎င်း၊.

19ကေနိ လူ၊ ကေနဇိ လူ၊ ကာဒမောနိ လူ၊

20ဟိတ္တိ လူ၊ ဖေရဇိ လူ၊ ရေဖိမ် လူ၊ အာမောရိ လူ၊ ခါနနိ လူ၊ ဂိရဂါရှိ လူ၊ ယေဗုသိ လူတို့ကို၎င်း၊

21သင် ၏ အမျိုးအနွယ် အား ငါအပ်ပေး ပြီဟု မိန့် တော်မူ၏။

← ကမ္ဘာဦးကျမ်း 14Read In The App, Free →ကမ္ဘာဦးကျမ်း 16 →

Study ကမ္ဘာဦးကျမ်း 15

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

1234567891011121314151617181920212223242526272829303132333435363738394041424344454647484950