ကမ္ဘာဦးကျမ်း 16:11
သင် သည် ကိုယ်ဝန် ဆောင်သည်ဖြစ်၍ ၊ သား ယောက်ျားကို ဘွားမြင် လိမ့်မည်။ ထို သားကို ဣရှမေလ အမည် ဖြင့် မှည့် ရမည်။ အကြောင်းမူကား ၊ ထာဝရဘုရား သည် သင် ၏ ဆင်းရဲ ဒုက္ခကို ကြား သိတော်မူပြီ။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Genesis 21:17ဘုရားသခင် သည် လုလင် ၏အသံ ကို ကြား တော်မူ ၍ ဘုရားသခင် ၏၊ ကောင်းကင် တမန်က၊ ဟာဂရ ၊ သင် ၌ အဘယ် အမှုရှိသနည်း။ မ စိုးရိမ် နှင့်။ လုလင် နေ သောအရပ်ထဲက သူ ၏အသံ ကို ဘုရားသခင် ကြား တော်မူပြီ။
Genesis 41:51သား ဦးကိုကား မနာရှေ အမည် ဖြင့် မှည့် လေ၏။ အကြောင်း မူကား၊ ငါ ခံရသမျှ သော ပင်ပန်း ခြင်းနှင့် ငါ့ အဘ ၏ အိမ်သား အပေါင်း တို့ကို ငါ မေ့ စေခြင်းငှါ ဘုရားသခင် ပြုတော်မူပြီဟု ဆိုသတည်း။
Exodus 3:7ထာဝရဘုရား ကလည်း၊ အဲဂုတ္တု ပြည်၌ ရှိသောငါ ၏လူ တို့ခံရသောညှဉ်းဆဲ ခြင်းကို ငါစေ့စေ့မြင် ခဲ့ပြီ။ သူ တို့ကို စေခိုင်း သော သခင်တို့ကြောင့် သူ တို့မြည်တမ်း သောအသံကိုလည်း ငါကြား ခဲ့ပြီ။ သူ တို့နာကြည်း ခြင်း ဝေဒနာကို ငါသိ ၏။
1 Samuel 1:20ဟန္န သည် ပဋိသန္ဓေ ယူ၍ ကာလ အချိန်စေ့ သောအခါ ၊ သား ယောက်ျားကို ဘွားမြင် ပြီးလျှင် ၊ ထိုသားကို ထာဝရဘုရား ထံ၌ဆုတောင်း သောကြောင့် ၊ ရှမွေလ အမည် ဖြင့် မှည့် လေ၏။
Psalms 22:24အကြောင်း မူကား၊ နှိမ့်ချ လျက်ရှိသောသူ၏ နှိမ့်ချ သောအဖြစ်ကို မထီမဲ့မြင် ပြုတော်မူသည်မဟုတ်။ မျက်နှာ တော်ကိုမ လွှဲ ၊ အော်ဟစ် သောအခါ နားထောင် တော်မူပြီ။
Matthew 1:21သား ယောက်ျားကို ဘွားမြင် လိမ့်မည်။ ထိုသား သည် မိမိ လူ တို့ကိုအပြစ် မှ ကယ်ချွတ် မည်သူ ဖြစ်သောကြောင့် ၊ ယေရှု ဟူသောအမည် ဖြင့် မှည့် ရမည်ဟု ကောင်းကင်တမန်ဆို ၏။