The Bible Software
ကမ္ဘာဦးကျမ်း · မြန်မာကျမ်းစာ

ကမ္ဘာဦးကျမ်း 16

1အာဗြံ ၏ မယား စာရဲ ၌ သားဘွား ခြင်းမ ရှိသဖြင့် ၊ အဲဂုတ္တု ပြည်သူဟာဂရ အမည် ရှိသောကျွန် မတယောက် ရှိသည်ဖြစ်၍၊

2စာရဲ က၊ အကျွန်ုပ် အား သားဘွား ရသောအခွင့်ကို ထာဝရဘုရား ပေးတော်မမူ။ အကျွန်ုပ် ၏ ကျွန် မထံသို့ ဝင် ပါလော့။ သူ့ အားဖြင့် အကျွန်ုပ်သည် တည်ဆောက် ခြင်း ရှိကောင်းရှိပါလိမ့်မည်ဟု အာဗြံ အား ပြောဆို ၍ ၊ အာဗြံ သည် စာရဲ ၏စကား ကို နားထောင် လေ၏။

3ထိုသို့ အာဗြံ သည် ခါနာန် ပြည် ၌ ဆယ် နှစ် နေ ပြီးမှ၊ အာဗြံ ၏မယား စာရဲ သည် မိမိ ကျွန် မအဲဂုတ္တ ပြည်သူဟာဂရ ကိုယူ ၍၊ မိမိ ခင်ပွန်း အာဗြံ သိမ်းပိုက် စေဘို့ အပ်နှင်း လေ၏။

4အာဗြံသည်လည်း ဟာဂရ ထံသို့ ဝင် ၍ ၊ ဟာဂရသည် ပဋိသန္ဓေ စွဲလေ၏။ ဟာဂရသည် မိမိတွင် ပဋိသန္ဓေ စွဲနေကြောင်း ကို သိ လျှင်၊ မိမိ သခင် မကို မထီမဲ့မြင် ပြုလေ၏။

5စာရဲ ကလည်း အကျွန်ုပ် ခံရ သောအပြစ်သည် ကိုယ်တော် ခေါင်းပေါ် ၌ တည်ရှိပါစေ။ အကျွန်ုပ် ၏ ကျွန် မကို ကိုယ်တော် ရင်ခွင် ၌ အကျွန်ုပ် အပ်နှင်း ပါပြီ။ သူသည် ကိုယ်၌ပဋိသန္ဓေ စွဲနေကြောင်း ကို သိ လျှင်၊ အကျွန်ုပ်ကို မထီမဲ့မြင် ပြုပါသည်တကား။ ထာဝရဘုရား သည် အကျွန်ုပ် နှင့် ကိုယ်တော် အမှု ကို စီရင် တော်မူပါစေ သောဟု၊ အာဗြံ အား ဆို လေ၏။

6အာဗြံ ကလည်း ၊ သင် ၏ ကျွန် မသည် သင် ၏လက် ၌ ရှိ၏။ သူ ၌ ပြု ချင်သမျှပြု ပါလော့ဟု စာရဲ အား ပြန်ပြော လျှင်၊ စာရဲ သည် ကျွန် မကို ညှဉ်းဆဲ သဖြင့် ၊ ကျွန်မသည် သခင် မထံမှ ထွက် ပြေးလေ၏။

7ထာဝရဘုရား ၏ ကောင်းကင်တမန် သည် ရှုရ မြို့သို့သွားရာတော လမ်း ၌ရှိသောစမ်း ရေ တွင်း နား မှာ ဟာဂရ ကိုတွေ့ လျှင်၊

8စာရဲ ကျွန် မဟာဂရ ၊ အဘယ် က လာ သနည်း။ အဘယ် အရပ်သို့ သွား မည်နည်းဟုမေးသော်၊ ကျွန်မ သည် သခင် မစာရဲ ထံမှ ပြေး လာပါသည်ဟု ဆို လေ၏။

9ထာဝရဘုရား ၏ ကောင်းကင် တမန်ကလည်း ၊ သင် ၏ သခင် မထံသို့ ပြန် ၍ ၊ သူ ၏အုပ်စိုး ခြင်းကိုခံ လော့ဟု အမိန့် ရှိ၏။

10တဖန် ထာဝရဘုရား ၏ ကောင်းကင် တမန်က၊ သင် ၏ အမျိုးအနွယ် ကို မ ရေတွက် နိုင်အောင်၊ ငါအလွန် များပြား စေမည်ဟူ၍၎င်း၊

11သင် သည် ကိုယ်ဝန် ဆောင်သည်ဖြစ်၍ ၊ သား ယောက်ျားကို ဘွားမြင် လိမ့်မည်။ ထို သားကို ဣရှမေလ အမည် ဖြင့် မှည့် ရမည်။ အကြောင်းမူကား ၊ ထာဝရဘုရား သည် သင် ၏ ဆင်းရဲ ဒုက္ခကို ကြား သိတော်မူပြီ။

12သူ သည်လူ ရိုင်း ဖြစ် လိမ့်မည်။ လူ အပေါင်းတို့ကို ရန်ဘက်ပြုလိမ့်မည်။ သူ့ ကိုလည်း လူအပေါင်း တို့သည် ရန်ဘက်ပြုကြလိမ့်မည်။ မိမိ ညီအစ်ကို အပေါင်း တို့၏ အပါး ၌ နေ ရလိမ့်မည်ဟူ၍၎င်း မြွက်ဆိုလေ၏။

13ထိုသို့ မိန့် မြွက်တော်မူသောထာဝရဘုရား ကို၊ အာတောဧလရော ဟူသောအမည် ဖြင့် ခေါ်ဝေါ် ၍၊ ငါ့ ကိုမြင် တော်မူသောသူကို ဤ အရပ်၌ပင် ငါဖူး မြင်ရသည်တကားဟု ဟာဂရဆို လေ၏။

14ထို အကြောင်းကိုအစွဲပြု၍၊ ထို ရေတွင်းကို ဗေရလဟဲရော ဟု သမုတ် ကြ၏။ ကာဒေရှ မြို့နှင့် ဗေရက် မြို့၏စပ်ကြား မှာ ရှိသတည်း။

15ထိုနောက် ဟာဂရ သည် အာဗြံ အား သား ကို ဘွားမြင် ၏။ အာဗြံ လည်း ဟာဂရ တွင် မြင် သော သား ကို ဣရှမေလ အမည် ဖြင့် မှည့် လေ၏။

16အာဗြံ သည် သား ဣရှမေလ ကို ဟာဂရ ဘွားမြင် သောအခါ ၊ အသက် ရှစ် ဆယ်ခြောက် နှစ် ရှိသတည်း။

← ကမ္ဘာဦးကျမ်း 15Read In The App, Free →ကမ္ဘာဦးကျမ်း 17 →

Study ကမ္ဘာဦးကျမ်း 16

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

1234567891011121314151617181920212223242526272829303132333435363738394041424344454647484950