ကမ္ဘာဦးကျမ်း 16:3
ထိုသို့ အာဗြံ သည် ခါနာန် ပြည် ၌ ဆယ် နှစ် နေ ပြီးမှ၊ အာဗြံ ၏မယား စာရဲ သည် မိမိ ကျွန် မအဲဂုတ္တ ပြည်သူဟာဂရ ကိုယူ ၍၊ မိမိ ခင်ပွန်း အာဗြံ သိမ်းပိုက် စေဘို့ အပ်နှင်း လေ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Genesis 16:5စာရဲ ကလည်း အကျွန်ုပ် ခံရ သောအပြစ်သည် ကိုယ်တော် ခေါင်းပေါ် ၌ တည်ရှိပါစေ။ အကျွန်ုပ် ၏ ကျွန် မကို ကိုယ်တော် ရင်ခွင် ၌ အကျွန်ုပ် အပ်နှင်း ပါပြီ။ သူသည် ကိုယ်၌ပဋိသန္ဓေ စွဲနေကြောင်း ကို သိ လျှင်၊ အကျွန်ုပ်ကို မထီမဲ့မြင် ပြုပါသည်တကား။ ထာဝရဘုရား သည် အကျွန်ုပ် နှင့် ကိုယ်တော် အမှု ကို စီရင် တော်မူပါစေ သောဟု၊ အာဗြံ အား ဆို လေ၏။
Genesis 25:6မယားငယ် တို့၌ ရသောသား တို့အား လည်း ၊ မိမိ အသက် ရှင်စဉ်တွင်ဆုလပ် များကိုဝေပေး ၍ ၊ သား ဣဇာတ် ထံမှ အရှေ့ ပြည် သို့ လွှတ် လိုက်လေ၏။
Genesis 30:4ကျွန် မဗိလဟာ ကို ယာကုပ် ၏ မယား ဖြစ် စေခြင်းငှါအပ် ၍ ၊ သူ့ ထံ သို့ယာကုပ် ဝင် လေ၏။
Genesis 32:22ညဉ့် မကုန်မှီထ ၍ မယား နှစ် ယောက်၊ ကျွန် မနှစ် ယောက်၊ သား တဆယ် နှင့် တ ယောက်တို့ကို ဆောင်ယူ ၍ ၊ ယဗ္ဗုတ် ချောင်းရေတိမ်ရာအရပ် ကိုကူး လေ၏။
Judges 19:1ဣသရေလ ရှင်ဘုရင် မ ရှိသည်ကာလ ၊ ဧဖရိမ် တောင် ခါးပန်း ၌ တည်းခို သော လေဝိ လူ တယောက်သည်၊ ယုဒ ခရိုင် ဗက်လင် မြို့သူမိန်းမ တယောက်ကို သိမ်းယူ ၏။
1 Kings 11:3မင်းသမီး ဖြစ်သော ခင်ပွန်း ခုနစ် ရာ ၊ မောင်းမမိဿံ သုံး ရာ ရှိ ၍ ၊ သူတို့သည် စိတ် နှလုံးတော်ကို လွဲ စေကြ ၏။