The Bible Software
bible.software › ကမ္ဘာဦးကျမ်း › ကမ္ဘာဦးကျမ်း 17 › ကမ္ဘာဦးကျမ်း 17:10

ကမ္ဘာဦးကျမ်း 17:10

သင် နှင့်တကွ သင့် နောက် ၌ သင် ၏အမျိုးအနွယ် သည်၊ ငါ့ ရှေ့မှာ စောင့်ရှောက် ရသောငါ ၏ ပဋိညာဉ် ဟူမူကား ၊ သင် တို့တွင် သား ယောက်ျားတိုင်း အရေဖျား လှီးမင်္ဂလာကို ခံရမည်။

မြန်မာကျမ်းစာ

In The King James Version

This is my covenant, which ye shall keep, between me and you and thy seed after thee; Every man child among you shall be circumcised.

In Context

9တဖန် ဘုရား သခင်က၊ သို့ဖြစ်၍ သင် နှင့်တကွ သင့် နောက် ၌ သင် ၏အမျိုးအနွယ် အစဉ် အဆက်တို့သည်၊ ငါ ၏ပဋိညာဉ် ကို စောင့်ရှောက် ရကြမည်။

11အရေဖျား လှီးမင်္ဂလာသည်၊ ငါ နှင့် သင် တို့ပြုသောပဋိညာဉ် ၏ လက္ခဏာ သက်သေဖြစ် ရလိမ့်မည်။

Read all of ကမ္ဘာဦးကျမ်း 17

Cross References

Genesis 17:23အာဗြဟံ သည်လည်း ၊ သား ဣမေလ မှစ၍ ၊ ကိုယ် အိမ် ၌ ဘွား သော သူအပေါင်း ၊ ကိုယ် ငွေ နှင့် ဝယ် သော သူအပေါင်း တည်းဟူသော ၊ အာဗြဟံ အိမ် နှင့်ဆိုင်သော ယောက်ျား အပေါင်း တို့ကို ယူ၍၊ ဘုရား သခင်မိန့် တော်မူသည် အတိုင်း ၊ တ နေ့ခြင်းတွင် အရေဖျား လှီးမင်္ဂလာကို ပေးလေ၏။

Genesis 21:4ဘုရားသခင် မှာ ထားတော်မူသည်အတိုင်း ၊ အာဗြဟံ သည်ရှစ် ရက် မြောက်သောနေ့၌ ၊ သား ဣဇာက် ကို အရေဖျား လှီးမင်္ဂလာပေးလေ၏။

Genesis 34:22သို့ရာတွင်သူ တို့သည် အရေဖျား လှီးမင်္ဂလာ ကိုခံသကဲ့သို့ ၊ ငါ တို့တွင် ယောက်ျား တိုင်း အရေဖျား လှီး မင်္ဂလာကို ခံမှ သာ၊ ထိုလူ တို့သည် ငါ တို့တွင် နေ ၍ တမျိုး တည်း ဖြစ်စေ ခြင်းငှါ ဝန်ခံ ကြလိမ့်မည်။

Exodus 12:48သင် တို့ထံမှာ တည်းခို သော တပါး အမျိုးသားသည် ထာဝရဘုရား အဘို့ ပသခါပွဲ ကို ခံခြင်းငှာအလို ရှိလျှင် ၊ သူ ၌ ရှိသောယောက်ျား အပေါင်း တို့သည် အရေဖျား လှီးမင်္ဂလာကို ခံကြစေ။ သို့ပြီးမှ ထိုသူသည် ပြည် သား ကဲ့သို့ ဖြစ် သောကြောင့်၊ ချဉ်း၍ ထိုပွဲ သို့ ဝင် စေ။ အရေဖျား လှီးမင်္ဂလာကို မခံသောသူမည်သည်ကား၊ ထိုပွဲ၌ ဝင်၍ မ စား ရ။

Deuteronomy 30:6သင် သည် အသက်ရှင် မည်အကြောင်း ၊ သင် ၏ ဘုရားသခင် ထာဝရဘုရား ကို စိတ်နှလုံး အကြွင်းမဲ့ ချစ် စေခြင်းငှာ ၊ သင့် နှလုံး နှင့် သင့် အမျိုး ၏ နှလုံး အရေဖျား ကို လှီးဖြတ်တော်မူလိမ့်မည်။

Joshua 5:4ထိုသို့ အရေဖျား လှီးမင်္ဂလာကို ပေးရသောအကြောင်း ဟူမူကား ၊ အဲဂုတ္တု ပြည်မှ ထွက် လာသောစစ်သူရဲ ယောက်ျား အပေါင်း တို့သည် တော ၌ သေ ကြ၏။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ကမ္ဘာဦးကျမ်း 17:10

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ကမ္ဘာဦးကျမ်း 17:9ကမ္ဘာဦးကျမ်း 17ကမ္ဘာဦးကျမ်း 17:11 →