The Bible Software
ကမ္ဘာဦးကျမ်း · မြန်မာကျမ်းစာ

ကမ္ဘာဦးကျမ်း 17

1ထိုနောက် ၊ အာဗြံ သည် အသက် ကိုး ဆယ်ကိုး နှစ် ရှိ သောအခါ ၊ ထာဝရဘုရား သည် အာဗြံ အား ထင်ရှား တော်မူ၍ ၊ ငါ သည် အနန္တ တန်ခိုးရှင် ဘုရား သခင်ဖြစ်၏။ ငါ့ ရှေ့ မှာ သွား လာ၍ စုံလင် ခြင်းရှိ လော့။

2ငါ ၏ ပဋိညာဉ် ကို သင် နှင့် ငါပြု မည်။ သင့် ကို ငါအလွန် များပြား စေမည်ဟု မိန့် တော်မူ၏။

3အာဗြံ သည်လည်း ပြပ်ဝပ် လျင် ၊ ဘုရား သခင်က၊

4ငါ ပြုသော ပဋိညာဉ် သည် သင် ၌ ရှိ၏။ သင်သည် လူမျိုး အများ တို့၏ အဘ ဖြစ် လိမ့်မည်။

5နောက်တဖန် သင် ၏ အမည် ကို အာဗြံ ဟုမ ခေါ် ရ။ သင် ၏အမည် ကို အာဗြံဟံ ဟုခေါ်ရ၏။ အကြောင်းမူကား ၊ ငါသည် သင့် ကို များ စွာသော လူ အမျိုးတို့၏ အဘ အရာ၌ ခန့်ထား ပြီ။

6ငါသည် သင့် ကို အလွန် ပွား များစေမည်။ သင် အားဖြင့်လူအမျိုးမျိုးတို့ကို ဖြစ် စေမည်။ သင် ၏ အမျိုးအနွှယ် ၌ လည်း ရှင်ဘုရင် ဖြစ် ရကြလိမ့်မည်။

7ငါသည်သင်၏ဘုရား၊ သင့် နောက် ၌ သင့် အမျိုးအနွယ် ၏ ဘုရား ဖြစ်မည်ဟု၊ သင် နှင့် သင် ၏ အမျိုးအနွှယ် အစဉ် အဆက်တို့၌ ၊ ငါ့ ပဋိညာဉ် ကို ထာဝရ ပဋိညာဉ် ဖြစ် စေမည်။

8သင် သည် ယခုဧည့်သည် ဖြစ်၍နေသောပြည် တည်းဟူသော၊ ခါနာန် ပြည် တရှောက်လုံး ကို၊ သင် အား ၎င်း ၊ သင့် နောက် ၌သင် ၏အမျိုးအနွယ် အား ၎င်း ၊ အစဉ်အမြဲ အပိုင် ပေး မည်။ သူ တို့၏ ဘုရား လည်း ငါဖြစ် မည်ဟု မိန့်မြွက်တော်မူ၏။

9တဖန် ဘုရား သခင်က၊ သို့ဖြစ်၍ သင် နှင့်တကွ သင့် နောက် ၌ သင် ၏အမျိုးအနွယ် အစဉ် အဆက်တို့သည်၊ ငါ ၏ပဋိညာဉ် ကို စောင့်ရှောက် ရကြမည်။

10သင် နှင့်တကွ သင့် နောက် ၌ သင် ၏အမျိုးအနွယ် သည်၊ ငါ့ ရှေ့မှာ စောင့်ရှောက် ရသောငါ ၏ ပဋိညာဉ် ဟူမူကား ၊ သင် တို့တွင် သား ယောက်ျားတိုင်း အရေဖျား လှီးမင်္ဂလာကို ခံရမည်။

11အရေဖျား လှီးမင်္ဂလာသည်၊ ငါ နှင့် သင် တို့ပြုသောပဋိညာဉ် ၏ လက္ခဏာ သက်သေဖြစ် ရလိမ့်မည်။

12သင် တို့အမျိုး အစဉ်အဆက်တို့၌ သား ယောက်ျားတိုင်း ၊ ကိုယ်အိမ် ၌ဘွား သောသူဖြစ်စေ၊ ကိုယ့် အမျိုး မ ဟုတ်။ တပါး အမျိုးသား၌ ငွေ နှင့်ဝယ် သောသူ ဖြစ်စေ ၊ အသက်ရှစ် ရက် မြောက်လျှင် ၊ အရေဖျား လှီး မင်္ဂလာကို ခံရမည်။

13ကိုယ် အိမ် ၌ ဘွား သောသူ၊ ကိုယ် ငွေ နှင့်ဝယ် သောသူသည်၊ အရေဖျား လှီးမင်္ဂလာကို ခံရမည်။ ငါ့ ပဋိညာဉ် လည်း သင် တို့၏အသား ၌ ထာဝရ ပဋိညာဉ် ဖြစ် လိမ့်မည်။

14အရေဖျား မလှီး၊ အရေဖျား လှီးမင်္ဂလာကို မ ခံသောသား ယောက်ျားကို သူ ၏ အမျိုး မှ ပယ်ရှင်း ရ၏။ ထို သူ သည် ငါ့ ပဋိညာဉ် ကို ဖျက် လေပြီဟု အာဗြံဟံ အား မိန့် တော်မူ၏။

15တဖန် ဘုရား သခင်က၊ သင် ၏မယား စာရဲ ကို မူကား၊ စာရဲ ဟူသောအမည် ဖြင့်မ ခေါ် ရ၊ စာရာ ဟူသောအမည် ဖြင့်ခေါ်ရ၏။

16သူ့ ကိုငါကောင်းကြီး ပေး၍ ၊ သူ့ အားဖြင့် လည်း သင် အား သား ကိုပေး မည်။ အကယ်စင်စစ်သူ့ ကို ကောင်းကြီး ပေး၍ ၊ သူသည် လူအမျိုးမျိုးဖြစ်လိမ့်မည်။ သူ ၏အမျိုးအနွယ် ၌ လည်း အပြည် ပြည်သော ရှင်ဘုရင် ဖြစ် ကြ လိမ့်မည်ဟု၊ အာဗြဟံ အား မိန့် တော်မူ၏။

17ထိုအခါ အာဗြဟံ သည် ပြပ်ဝပ် လျက် အသက် တ ရာရှိသောသူသည် သား ကို ရ လိမ့်မည်လော။ အသက် ကိုး ဆယ်ရှိသောစာရာ သည် သား ကိုဘွား လိမ့်မည်လော ဟု ရယ် လျက် ၊ စိတ် နှလုံးထဲမှာ အောက်မေ့ပြီးလျှင်၊

18ဣရှမေလ သည် ရှေ့ တော်၌ အသက်ရှင် ပါစေသောဟု၊ ဘုရား သခင်ကို လျှောက် သောအခါ၊

19ဘုရား သခင်က၊ သင် ၏မယား စာရာ သည် သင် အား သား ကိုဘွား လိမ့်မည်။ ထို သားကိုလည်း ဣဇာက် အမည် ဖြင့် မှည့် ရမည်။ သူ ၌ ၎င်း သူ့ နောက်မှ သူ ၏ အမျိုးအနွယ် ၌ ၎င်း ငါ ၏ပဋိညာဉ် ကို ထာဝရ ပဋိညာဉ် ဖြစ်စေမည်။

20ဣရှမေလ အမှု၌ ကား ၊ သင် ၏စကားကို ငါနားထောင် ၏။ သူ့ ကို ငါကောင်းကြီး ပေး၏။ သူ့ အနွှယ်ကို တိုးပွား စေ၍ သူ့ ကို အလွန် များပြား စေမည်။ သူသည် မင်း သားဆယ် နှစ် ပါးတို့၏အဘ ဖြစ်လိမ့်မည်။ ကြီး သော လူမျိုး ဖြစ် စေခြင်းငှါလည်း ငါပြု မည်။

21သို့သော်လည်း ၊ နောင် နှစ် ၊ ချိန်းချက် သောအချိန်တွင်၊ စာရာ သည် သင် အား ဘွား လတံ့သော သားဣဇာက် ၌ ၊ ငါ ၏ပဋိညာဉ် ကို ငါတည် စေမည်ဟု မိန့် တော်မူပြီးလျှင်၊

22မိန့် မြွက်တော်မူသံငြိမ်း ၍ ဘုရား သခင်သည် အာဗြံဟံ မှ တက် ကြွတော်မူ၏။

23အာဗြဟံ သည်လည်း ၊ သား ဣမေလ မှစ၍ ၊ ကိုယ် အိမ် ၌ ဘွား သော သူအပေါင်း ၊ ကိုယ် ငွေ နှင့် ဝယ် သော သူအပေါင်း တည်းဟူသော ၊ အာဗြဟံ အိမ် နှင့်ဆိုင်သော ယောက်ျား အပေါင်း တို့ကို ယူ၍၊ ဘုရား သခင်မိန့် တော်မူသည် အတိုင်း ၊ တ နေ့ခြင်းတွင် အရေဖျား လှီးမင်္ဂလာကို ပေးလေ၏။

24အာဗြဟံ သည် ကိုယ်တိုင် အရေဖျား လှီးမင်္ဂလာကို ခံသောအခါ ၊ အသက် ကိုး ဆယ်ကိုး နှစ်ရှိ၏။

25သား ဣရှမေလ သည် အရေဖျား လှီး မင်္ဂလာကို ခံသောအခါ ၊ အသက် တ ဆယ်သုံး နှစ်ရှိ၏။

26တ နေ့ခြင်းတွင် အာဗြဟံ နှင့် သား ဣရှမေလ သည် အရေဖျား လှီးမင်္ဂလာကို ခံလေ၏။

27သူ ၏အိမ် ၌ ဘွား သော သူတပါး အမျိုးသား၌ သူ၏ငွေ နှင့် ဝယ် သောသူ၊ သူ၏အိမ် နှင့်ဆိုင်သော ယောက်ျား အပေါင်း တို့သည်၊ သူ နှင့်အတူ အရေဖျား လှီး မင်္ဂလာကို ခံကြလေ၏။

← ကမ္ဘာဦးကျမ်း 16Read In The App, Free →ကမ္ဘာဦးကျမ်း 18 →

Study ကမ္ဘာဦးကျမ်း 17

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

1234567891011121314151617181920212223242526272829303132333435363738394041424344454647484950