ကမ္ဘာဦးကျမ်း 17:16
သူ့ ကိုငါကောင်းကြီး ပေး၍ ၊ သူ့ အားဖြင့် လည်း သင် အား သား ကိုပေး မည်။ အကယ်စင်စစ်သူ့ ကို ကောင်းကြီး ပေး၍ ၊ သူသည် လူအမျိုးမျိုးဖြစ်လိမ့်မည်။ သူ ၏အမျိုးအနွယ် ၌ လည်း အပြည် ပြည်သော ရှင်ဘုရင် ဖြစ် ကြ လိမ့်မည်ဟု၊ အာဗြဟံ အား မိန့် တော်မူ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Genesis 1:28အချင်းတို့ များပြား စွာမွေးဘွား ကြလော့။ မြေကြီး ကို ပြည့် စေ၍ နိုင် ကြလော့။ ပင်လယ် ငါး တို့ကို၎င်း၊ မိုဃ်းကောင်းကင် ငှက် တို့ကို၎င်း၊ အသက် ရှင်၍ မြေ ပေါ် မှာ လှုပ်ရှား တတ်သော တိရစ္ဆာန်အပေါင်း တို့ကို၎င်းအုပ်စိုး ကြလော့ဟုမိန့် တော်မူ၍ ၊ သူ တို့ကိုကောင်းကြီး ပေးတော်မူ၏။
Genesis 15:4တဖန် ထာဝရဘုရား ၏ နှုတ်ကပတ် တော် ရောက်လာသည်ကား၊ ဤသူ သည် သင် ၏အမွေခံ မ ဖြစ်ရ။ သင် ၏ ကိုယ် ထဲက ထွက် သောသူသည် သင် ၏ အမွေခံ ဖြစ်လိမ့်မည်ဟု မိန့် တော်မူပြီးလျှင်၊
Genesis 18:10ထိုသူတို့တွင် တပါးကလည်း၊ ဘွားချိန်စေ့သောအခါ၊ ငါသည် သင့် ဆီသို့ ဆက်ဆက်ပြန်လာ ဦးမည်။ ထိုအခါ သင် ၏မယား စာရာ သည် သား ကို ရလိမ့်မည်ဟု ပြောဆို၏။ ထိုသို့ဆိုသောသူ ၏နောက် ၌ တံခါးဝ အနား မှာ၊ စာရာရှိသောကြောင့်ထိုစကားကိုကြား၏။
Genesis 24:60ရေဗက္က ကိုလည်း ၊ သင် သည် ကျွန်ုပ် တို့၏နှမ ဖြစ်၏။ အသောင်း အသိန်းတို့၏အမိဖြစ်ပါစေသော။ သင် ၏အမျိုးအနွယ် သည် ရန်သူ တို့၏ တံခါး များကို အစိုး ရပါစေသောဟု ကောင်းကြီး ပေးကြ၏။
Isaiah 49:23ရှင် ဘုရင်တို့သည် သင် ၏ ဘထွေး ၊ မိဖုရား တို့ သည် သင့် ကို မွေးစား သော အမိဖြစ် ကြလိမ့်မည်။ သင့် ရှေ့ မှာ ဦးညွှတ်ပြပ်ဝပ် ၍၊ သင် ၏ခြေ ၌ မြေမှုန့် ကို လျက် ကြလိမ့်မည်။ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်းကို ၎င်း၊ ငါ့ ကို မြော်လင့် သောသူတို့သည် ရှက် ကြောက်ခြင်းမ ရှိ ကြောင်းကို ၎င်းသင်သိ လိမ့်မည်။
Galatians 4:26အပေါ်မှာ ရှိသော ယေရုရှလင် မြို့မူကား ၊ ခပ်သိမ်းသော ငါ တို့၏ အမိ တည်းဟူသောကျွန် မမဟုတ် သော မိန်းမဖြစ် သတည်း။